Skip to main content

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူရှင်များက အလှူငွေများလှူဒါန်း

နေပြည်တော် အောက်တိုဘာ ၉

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အလှူငွေများ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အဆိုပါ အခမ်းအနားတွင် (၂၀၁၁ - ၂၀၁၆) ဒုတိယဝန်ကြီး (အငြိမ်းစားများ) က ငွေကျပ်သိန်း ၃၀၊ လမ်းမတော်အမှတ်(၆)အောင်မြေရပ် ချောက်မြို့နေ နိုင်ငံအေးဆန်ပွဲရုံ၊ သားသမီးမြေးမိသားစု၊ ကာယဉာဏလုပ်သားများနှင့် ရောင်းသူဝယ်သူများက ငွေကျပ်သိန်း ၅၀၀ နှင့် Money King Company Limited က ငွေကျပ်သိန်း ၁၀၀ စုစုပေါင်းငွေ ကျပ်သိန်း ၆၃၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်