Skip to main content

Jul 05, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဂွေးချိုအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ မြေပဲ၊ နှမ်း၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင် ရေးဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက ငွေကျပ်သိန်း ၃၀ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း ပွဲကြည့်စင်ဘယ်ဘက်ခြမ်းရှိ မြေကွက်လပ်နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစု ဝင်သားသမီးများ၊ ဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းမိသားစုဝင်သားသမီးများအတွက် ပညာသင်‌ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၎င်း၏ခန့်အပ်လွှာကို ယနေ့တွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဒါကာမြို့၌ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ မိုဟာမက် ရှာဟာဘူဒင်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်လူရွယ်များ ပြုစုပျိုးထောင်ပေးနိုင်မှ ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝရေး၊ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ရေးအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ဇူလိုင် ၃ ရက်မှစ၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ရေးပစ်မှတ်မဟုတ်သော မြို့တွင်းလူနေရပ်ကွက်များကို ချိန်ရွယ်၍ အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ဒုံးကျည်များသည် ဘုန်းကြီးကျောင်းဝင်းနှင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ သေကျေပျက်စီးမှု၊ ပြင်းပြင်း

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့အထိ ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေအမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၇၆၄)နေ ဦးဒွန်ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံး(၂)တုံးနှင့် ရွှေထည်ပစ္စည်းမျိုးစုံ(၃၁)မျိုး၊ မြန်မာကျပ်ငွေ (၈၁,၈၀၅,၅၀၀) ကျပ်တန်ဘိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်းတန်ဘိုးငွေ (၁၅၉,၈၁၅,၉ဝဝ) ကျပ်ခန့်ခိုးယူခံထားရကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အရပ်သား ပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် ရပ်ကွက်(၁)၊ နယ်မြေ(၃)အတွင်းသို့ လည်းကောင်း၊ ရပ်ကွက်(၁၀)နီလာလမ်းပေါ်သို့ လည်းကောင်း၊ ရပ်ကွက်(၅)၊ နယ်မြေ(၁)ရှိ ပန်အုပ်ဘုန်းကြီးကျောင်းဝန်းအတွင်းသို့လည်းကောင်း၊ ရပ်ကွက်(၄)၊ နယ်မြေ(၃)အတွင်းသို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၁၂) နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

ကချင်ပြည်နယ် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့၌ ဇွန်လ ၃၀ ရက်နေ့ကစတင်၍ စံချိန်တင်မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် အားပေးထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမင်းထွဋ် အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေ (၇၀၃)စင်တီမီတာတွင် ရောက်ရှိနေပြီး နန့်‌ကောင်းချောင်းရေအမှတ် (၆၆၉)စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့နေ့လယ်(၁)နာရီ တိုင်းထွာချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

၂၀၂၄ ခုနှစ် ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည် -

ဆက်လက်ဖတ်ရှုရန်