Skip to main content

ရွှေသွေးဂျာနယ်

နေပြည်တော် အောက်တိုဘာ ၃၁

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၂ - ၁၁ - ၂၀၂၄ ရက်(စနေနေ့)တွင် ထွက်ရှိမည့်ရွှေသွေးဂျာနယ် အတွဲ (၅၆) ၊ အမှတ် (၄၄) တွင် ပစ္စည်းတစ်မျိုးမျိုးကိုဝယ်ယူရာ၌ အရောင်အဆင်းထက်ပစ္စည်း၏ အရည်အသွေးကိုပိုမိုဦးစားပေးကာ ဝယ်ယူသင့်ကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးပါမေမေ” မျက်နှာဖုံးကာတွန်း၊ ခန္ဓာ ကိုယ်၏ အဓိက ကျောရိုးတိုင်ကြီး၏ ခါးရိုးဆစ်များ နာကျင်ထိခိုက်မှုမဖြစ်စေရန် လိုက်နာကျင့်သုံးနိုင်စေမည့် အကြောင်းအရာများကို ရေးသားထားသည့် “လှုပ်ရှားတိုင်းတွင်သတိယှဉ်” သုတဆောင်းပါးကဏ္ဍ၊ အလုပ်တစ်ခုကိုလုပ်ဆောင်ရာ၌ အချိန်မီပြီးစီးအောင် ဆောင်ရွက်တတ်စေရန် သရုပ်ဖော်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ နေ့စဉ်ခရေပန်းကောက်ကာ ရောင်းရသည့် ပိုက်ဆံများကို စုဆောင်းထားခြင်းဖြင့် စက်ဘီးတစ်စီးဝယ်နိုင်သည်အထိ စုမိခဲ့သောမေနှင်းပွင့်တို့ မောင်နှမနှစ်ယောက်အကြောင်းကို ရေးသားထားသည့် “ပန်းစုဘူးလေး” ဝတ္ထု၊ သူ၏မေမေက ပန်းသီးသုံးလုံး ဝယ်ခိုင်းသည်ကို ကောင်းမကောင်း တစ်လုံး လုံး ကုန်သည်အထိ စမ်းစားပစ်သည့် ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူး ပါဝင်သောချိုသားပဲ” တစ်မျက်နှာ ကာတွန်း၊ သာခါသမင်ဗိုလ်ကြီး၏ ခေါင်းဆောင်ကောင်း ပီသမှုကြောင့် သမင်များအားလုံး အသက်ဘေးမှ ကင်းလွတ်ခဲ့ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “မိတ်ဆွေကောင်းဟူသည်” ပုံပြင်ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ စက္ကူအိမ်လေးကို ကိုက်ဖြတ်ဖျက်ဆီးမည့် ကြွက်လေးကို မောင်းထုတ်ခြင်းမပြုဘဲ မိမိ၏ပညာဖြင့် ထွက်သွားစေသည့် အဘိုးအိုအကြောင်းကို သရုပ်ဖော်ထားသည့် “စကားထာ” နှစ်မျက်နှာကာတွန်း၊ စိတ်ကောင်း စေတနာရှိသူနှင့်စိတ်ထား ယုတ်ညံ့သူတို့အကြား အကျိုးပေး ကွာခြားပုံကို နှိုင်းယှဉ်သရုပ်ဖော်ထားသည့် “အလိုလောဘ” နှစ်မျက်နှာကာတွန်း၊        အဆောက် အအုံတွင် ပိုးမွှားများသေစေအောင် မှိုင်းတိုက်မည့် အကြောင်းကြားစာ နှင့်ပတ်သက်၍ တိုက်ခန်းတွင် နေထိုင်သူနှင့်တာဝန်ယူလုပ်ဆောင်ပေးမည့်သူတို့အကြား အပြန်အလှန် ပြောဆိုဆွေးနွေးမှု များကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း”ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍအပါ အဝင် ကဏ္ဍစုံစုံလင်လင်ဖြင့် ထွက်ရှိပြီဖြစ်ရာတစ်စောင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ် အ‌ရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

သတင်းစဉ်