Skip to main content

Jul 06, 2024

ရေကြောင်းသတိပေးချက်

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ အသင်း၏ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်း‌ဟောင်းအဖွဲ့ဗဟိုဌာနချုပ် ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်စေသော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ရေခဲမြစ်များ ထိန်းသိမ်းခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ရိုးရာဆေးဖက်ဝင်အပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဟန်ချက်ညီစေရန် ရည်ရွယ်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Nyingchi မြို့၊ Lulang International Pearl Hotel ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဝန်ကြီးများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများ၊ သုတေသီများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Jaime Nadal Roig သည် ၎င်း၏ ခန့်အပ်လွှာကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခန့် (၁၄၉ စင်တီမီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ဘုရားတပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြသည်မှာ ပထမသက်တမ်း (၅) နှစ်၊ ဒုတိယသက်တမ်း (၅) နှစ်၊ တတိယသက်တမ်း (၅) နှစ်၊ စတုတ္ထသက်တမ်း (၆) နှစ်၊ ပဉ္စမသက်တမ်း (၆) နှစ်၊ ဆဋ္ဌမသက်တမ်း (၆) နှစ်၊ သတ္တမသက်တမ်း (၆) နှစ်ရှိခဲ့ပြီး ယခု အဋ္ဌမသက်တမ်းသည်လည်း (၆) နှစ် ပြည့်ကာနီးဖြစ်၍ ရှေ့လာမည့်နှစ်တွင် သက်တမ်းအသစ်များဆီသို့ ချင်းနင်းဝင်ရောက်တော့မည်ဖြစ်ပါသည်ဘုရား။ ယင်းသို့နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့ကြသည့် တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် အဖွဲ့အစည်းကြီး ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို မျက်ခြည်မပြတ်ရန် လိုအပ်ပါသည်ဘုရား။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ပို့ချခဲ့သည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်း ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက နေပြည်တော်၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ်နိုင်ငံထုတ် Hongqi EQM5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co., Ltd. မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG Marvel R ၊ MG MG4 ၊ MGZS နှင့် Leapmotor T03 (Luxury) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gyi Group of Companies Limited. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် JAC E30X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Yuan Plus အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန်ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

ယခုနှစ်ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်နှင့်ဆက်စပ်နေသည့်အဖွဲ့များနှင့် ပြည်သူ့စစ်တို့က ကလေးသူငယ် ၁၁၀၂ ဦးကို စုဆောင်းခဲ့ပြီး ကြီးလေးသောကျူးလွန်မှု ၆ ရပ်တို့ကို တပ်မတော်က ကျူးလွန်ကြောင်း စွပ်စွဲဖော်ပြခဲ့သည်။ နိုင်ငံတော်က အသိပေးတင်ပြခဲ့သည့် အထောက်အထားများကို မျက်ကွယ်ပြုပြီး ဆန့်ကျင်ဘက်အဖွဲ့များ၏ မမှန်ကန်သောအချက်များဖြင့် စွပ်စွဲပြောကြားခြင်းမှာ တရားမျှတမှုမရှိပေ။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2024

သစ်ပင်သစ်တောများ တည်ရှိခြင်းသည် ရာသီဥတုကို မျှတကောင်းမွန်စေပြီး ရေအရင်းအမြစ်များကို ထိန်းသိမ်းပေးနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားစေနိုင်ခြင်းနှင့် ရေမြေသဘာဝအနေအထားတို့ကို ထိန်းသိမ်းကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံများတွင် ပါဝင်လျက်ရှိရာ သစ်တောများ ပြန်လည်တည်ထောင်ရေးအတွက် စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာ (ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်) များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဘေးသင့်ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို TNLA အကြမ်းဖက်သမားများမှ ဇူလိုင်လ ၄ ရက်နေ့က လာရောက်တိုက်ခိုက်စဉ် တပ်မတော်မှ အဆိပ်ငွေ့ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် TNLA အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှုခံယူရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းနှင့် တူရင်းဘို့ကျေးရွာမှ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 05, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်