Jul 07, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့၌ ကျင်းပသည့် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Jul 07, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ တွေ့ဆုံသည်။
Jul 07, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ တိုင်းချစ်ပြည်ချစ်စိတ်ကိန်းအောင်းလာအောင် သင်ကြားပေးကြရန် မှာကြားသည်။
Jul 07, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
Jul 07, 2024
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်၌ ဆက်လက်ကျင်းပသည်။
Jul 07, 2024
(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 07, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း သို့ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်သင်ကြားရေး ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့်စာအုပ်များကို ပေးအပ်လှူဒါန်းသည်။
Jul 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့သို့သွားရောက်ပြီး မြစ်ကြီးနားခရိုင်အတွင်း ဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံမှုကြောင့် ဘေးသင့်ခဲ့သူများအားထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကပေးပို့ထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်၊ သိုလှောင်ရုံ အတွင်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ ကယ်ဆယ်ထောက်ပံ့မှု လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 07, 2024
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၆ ပေခန့် (၁၈၄ စင်တီမီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
Jul 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄)တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
Jul 07, 2024
လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မြင့်မားမားရှိနေကြပါမှလူတိုင်းကျန်းမာသည့် ဘဝရနိုင်ကြမည်။ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများ ပြန့်ပွားနိုင်ရန်အတွက် သက်ဆိုင်ရာတို့က နည်းလမ်းအသွယ်သွယ်ဖြင့် ဖြန့်ဝေပညာပေးမှုများ ပြုလုပ်စေကာမူ အများစုမှာ သတိမမူ၊ ဂရုမပြု၊ အလေးမထားဘဲ ကျော်လွှားသွားလေ့ရှိသည်။ လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မားရန်၊ ကျန်းမာရေးဗဟုသုတပြည့်စုံရန်လိုအပ်ပြီး သို့မှသာလျှင် ဖြစ်လာနိုင်သည့်ရောဂါအန္တရာယ်တို့ကို ကာကွယ်နိုင်မည်၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်နိုင်မည်ဖြစ်သည်။
Jul 06, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Jul 06, 2024
ရန်ကုန်တိုင်းဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မီဒီယာများမေးမြန်းထားတာကို ပြန်လည်ပြောကြားသွားပါမယ်။ စဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ ငွေအေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်မှာဖြစ်ပါတယ်။ အဲ့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေတယ်ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ဇူလိုင်လ ၃ ရက်နေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိကြောင်းတွေ့ရှိရပါတယ်။ အဲ့ထဲကဆေးရုံတက်ရောက်ကုသသူ ၉ ဦး ရှိခဲ့ပါတယ်။ အဲ့ဒီ ၉ ဦးရဲ့ဝမ်းနမူနာတွေကိုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့အခါမှာ တစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသီးသီးမှာတက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့လူနာတွေကို ကာလဝမ်းရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယဆေးရုံမှာတစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့သူတွေကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။
Jul 06, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့တက်ရောက်ရန် ယနေ့နံက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသည်။
Jul 06, 2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီ မီတာဖြစ်ပြီး ယနေ့အထိ ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေ အမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 06, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 06, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 06, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 06, 2024
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 06, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Galvanized Iron Pipe ၃၂၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၀၄၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် 100% Polyester Fabric ၁၂၆၀၀၀ မီတာနှင့် Galvanized Iron Pipe ၁၂၇၈၀၉ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၂၄၇၉၂၃၀) ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Rechargeable Sealed Lead Acid Battery အလုံး ၅၀၀၀ အပါအဝင် ကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၆၈၇၅၉၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကားအပို ပစ္စည်း High Beam LED Lamp အခု ၃၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၈၅၅၉၁၃၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
