Skip to main content

Aug 27, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၇၆)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်က ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် သူရဦးဘိုနီ၊ ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးအတွက် လမ်းခင်းပုံဖော်ပေးခဲ့ပြီး ဆက်လက်၍လည်း မှန်ကန်ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးဖြစ်ပြီး ဆောင်ရွက်ဖွယ်ရာများ အဆင့်ဆင့်ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

နိုင်ငံတစ်နိုင်ငံ၏ အားကစားအောင်မြင်မှုက ထိုနိုင်ငံ၏ လူမှုအဆင့်အတန်းမြင့်မားမှုကို ပြသခြင်းပင်ဖြစ်သည့်အလျောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုမြင့်မြင့်မားမားရရှိနိုင်ရေးအတွက် နိုင်ငံတိုင်းကကြိုးပမ်းကြသည်။ မြန်မာနိုင်ငံသည် တစ်ခေတ်တစ်ခါက ဘောလုံးအပါအဝင် အားကစားနည်းအများအပြားတို့တွင် အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသည့် မှတ်တမ်းများရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် အောင်မြင်မှုတို့ ကြိုးကြားကြိုးကြားမျှသာ တွေ့ခွင့်ရကြတော့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဦးကင်းကြည်ကျေးရွာကို ဩဂုတ် ၂၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်းနှင့် ၎င်းကျေးရွာမှ နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီးရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော်(မန္တလေး)အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၈-၈-၂၀၂၄)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၂၅-၈-၂၀၂၄)ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၁,၇၆၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃၈)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၇) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် တောင်ကြီး - နောင်ကားလမ်းခွဲ- ပင်းပက် ရထားလမ်းပိုင်း၊ အဆင့်မြှင့်တင်ပြုပြင်ထားသည့် တောင်ကြီး - ပေါမူ - အေးသာယာ- ရွှေညောင် ရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ၊ တံတားနှင့်တာပေါင်များ ထိန်းသိမ်းမှုအခြေအနေနှင့် အဆိုပါရထားလမ်းပိုင်းရှိ ထီသိမ်အဝိုင်းပတ် တံတားနှင့်အဝိုင်းပတ်ရထားလမ်းထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးရုံးသို့ရောက်ရှိပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) ၌ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက်ဆီပုံး ၁၀၀ အပါအဝင် စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၇၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၇၆၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်နံနက်ပိုင်းက ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာဌာနကြီးမှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကန်အမှတ် (၁) အနီး ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်ရှိ ရေမြောင်းများနှင့် အဓိကရေထွက်ပေါက်နေရာအား နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားနှင့် စက်ယန္တရားများဖြင့် သဲနုန်းများဆယ်ယူရှင်းလင်းခြင်း၊ မြက်ချုံနှင့်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကားလမ်းမပေါ်သို့ ရေတင်ရေဝပ်ခြင်းများမရှိစေရေး ရေဆင်းမြောင်းများ ရေစီးရေလာပိုမိုကောင်းမွန်ရန်အတွက် တူးဖော်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာရှိ ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံ၏ အလုံပိတ်စနစ်ဖြင့် ကြက်ကောင်ရေခြောက်သောင်းခန့် မွေးမြူလုပ်ကိုင်နေမှုနှင့် ကြက်ဥများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေ ကျဆင်းမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငလိုက်ချောင်းအတွင်း ရေမြင့်တက်မှုကြောင့်ပါရှိလာသည့် အမှိုက်များအား အမြန်ဆုံးရှင်းလင်းဖယ်ရှားပြီး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2024

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်မည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင် ခေတ္တတည်းခိုသည့် ထိုင်းနိုင်ငံ ဘူရီယမ်မြို့ရှိ Modena ဟိုတယ်မှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့်အတူ ဘူရီယမ်မြို့ရှိ Khao Phnom Rung ရှေးဟောင်းဒေသနှင့် Prasat Meaung Tam ရှေးဟောင်းဒေသသို့ သွားရောက်လေ့လာပြီး ထိုင်းနိုင်ငံပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်