Aug 25, 2020
ချင်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်နယ်အတွင်းရှိ အဝင်အထွက်ဂိတ်များ အပါအဝင် မြို့အဝင်ဂိတ်များ စိစစ်ကြပ်မတ်ရေး၊ စျေးဆိုင်များနှင့် စားသောက်ဆိုင် အရောင်းဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်နိုင်ရေးစသည့် လုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုသနိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ အဖွဲ့ဝင် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
Aug 25, 2020
ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီများတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းအတွက် လစဉ် ချီးမြှင့်ငွေနှင့် စရိတ်ချီးမြှင့်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က ရန်ကုန်မြို့ပြည်လမ်းရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပသည်။
Aug 25, 2020
၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 25, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Aug 25, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အခြေအနေမှာ ဩဂုတ် ၁၅ ရက်နေ့က ၃၇၄ ဦးရှိရာမှ သြဂုတ် ၂၄ ရက်နေ့တွင် ၄၇၄ ဦး ရှိလာသည်။ တစ်ပတ်ကျော်ကာလအတွင်း ရောဂါပိုး တွေ့ရှိသူများ တိုးလာသည်မှာ နိုင်ငံ၏ ပကတိအနေအထားနှင့် လူဦးရေအရ ကူးစက်မှုမြန်နေသည်ဟု ဆိုရမည်ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
Aug 25, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုများ ရှိနေပြီဖြစ်သည့်အတွက် စစ်တွေမှ ပြည်သူများ ရခိုင်ပြည်နယ်ပြင်ပသို့ မထွက်ရန် စည်းကမ်းများ သတ်မှတ်ထားပါသည်။ ဒေသတစ်ခုလုံး နှင့် အခြားသော နေရာများကိုပါ ကာကွယ်ရန်အတွက် ရည်ရွယ် ကန့်သတ်ရခြင်း ဖြစ်ပါ၏။
Aug 24, 2020
၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 24, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၃) ဦးအား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Aug 24, 2020
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2020
(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။