Skip to main content

Jul 20, 2022

အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ (Asia Pacific Telecummunity-APT) မှ ထိုင်းနိုင်ငံဗန်ကောက်မြို့တွင် ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ Hybrid Format ဖြင့် ကျင်းပလျက်ရှိသော “The 22ndAPT Policy and Regulatory Forum (PRF-22)” အစီအစဉ်များအတွင်း ယနေ့ကျင်းပသည့် ဝန်ကြီးအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့‌ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် ဇူလိုင် ၁၈ ရက်က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော ဂဟေဆော်စက်ဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၅၄၀၀၀၀)ကိုလည်းကောင်း၊ ဇူလိုင် ၁၉ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော SUE SAT တံဆိပ်ပါ ဆပ်ပြာမှုန့်ဖာ ၁၄၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၀၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

ဖားကန့်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံအကြမ်းဖက်သမားများက ပေါက်မြို့နယ် ဒေါင်းသာကျေးရွာ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော်၏ လည်ပင်းအား ဓားဖြင့် ရက်စက်စွာခုတ်၍ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်”  ခေါင်းစဉ်ဖြင့် ဇူလိုင်၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် ကျိုင်းတုံ- ပန်လီ- မိုင်းခုတ်-မိုင်းဆတ်လမ်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်၏ (၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (22nd ASEAN Senior Officials Meeting on Transnational Crime – 22nd SOMTC) ကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဇူလိုင် ၁၉ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2022

ပြန်ကြားရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပူးပေါင်းတင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” ပဒေသာကပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ဂီတကဏ္ဍမှ ပါဝင်တင်ဆက်နိုင်ရန် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်