Skip to main content

Sep 09, 2020

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် COVID – 19 ရောဂါ ကူးစက်ပြန့်ပွား မှုမရှိ စေရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း ပွင့်ဖြူမြို့အဝင်/ အထွက်နေရာတွင် စုရပ်ပြုလုပ်၍ နှာခေါင်းစည်း မပါဘဲ အပြင်သွားလာသူများကို ဖမ်းဆီးအရေးယူခြင်းများ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များလုံခြုံ စိတ်ချစွာမဲ ပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ ၂၇၉ ဦးခန့်အပ် တာဝန် ပေးအသုံးပြုသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွါးရေး ကုစားမှု အစီစဉ် (CERP) ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော ပေါ်ဆန်းရင်မျိုးစေ့ထုတ်မိုးစပါး R.S မျိုး (၁၅၀)ဧက ကိုစိုက်ပျိုးရန်လျာထားရာ ယနေ့အချိန်ထိ(၁၅၀)ဧကစိုက်ပျိုးပြီးဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ‌ အေးဇံသည် ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၀င်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအား ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် လုပ် ကိုင် လျက်ရှိသည့် ယိုးဒယားပလတ်စတစ်ခြင်းများကို အိမ်တွင်း စီးပွားဖြစ်လုပ်ကိုင် လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်းကြိုတင်မှာယူသူများလာသဖြင့် အဝယ်လိုက် ၍ တိုး ချဲ့ လုပ်ကိုင် ရောင်းချလျက် ရှိကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ကယားပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအား ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ထိရောက်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ မြေပြင်တွင် ဆောင်ရွက်နေရသည့် ဝန်ထမ်းများ အနေဖြင့်

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ မောင်ဟန်တင့် (ပင်လည်ဘူး)၏ “စိန်စီသောမြစ်နှင့် အခြားကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် NDAA (မိုင်းလား)အဖွဲ့မှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

အာဆီယံ- ကိုရီးယားစင်တာသည် Maekyung Media Group နှင့် ပူးပေါင်း၍ ASEAN Entrepreneur Award ကို ၂၀၁၆ ခုနှစ်မှ စတင်ကာ ASEAN ဒေသတွင်းရှိ ထူးချွန်ထက်မြက်သော စီးပွားရေး လုပ်ငန်းရှင်များအား ပေးအပ်ချီးမြှင့်လျက်ရှိရာ 5th ASEAN Entrepreneur Award 2020 အတွက် မြန်မာနိုင်ငံမှ ဒေါ်နန်းခမ်းနောင့် (Deputy CEO ၊ KBZ Bank Limited) သည် Empowering women ကဏ္ဍတွက် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ယှဉ်ပြိုင်မှု ရိုက်ကူးရေးအစီအစဉ်များကို ယမန်နေ့က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ စတင်ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများ နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်ဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ဒီတစ်ပတ်စကားဝိုင်းမှာ ပြောမယ့်မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချောလူလှမင်းသားတွေထဲက ကံအားလျော်စွာကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုမင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန်နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံးရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်း ကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်မှစတင်၍ ရခိုင်ပြည်နယ်တွင် အရှိန်အဟုန် ဖြင့် မြင့်မားလာသော ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ တည်ငြိမ်စပြုလာသော်လည်း ရန်ကုန်မြို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ပေါ်နေသည်။ ရခိုင်ပြည်နယ်တွင် ရောဂါဖြစ်ပွားမှု အရှိန်မတက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါကို စတင်ထိန်းချုပ်နိုင်ပြီဟု ခန့်မှန်းနိုင်သည်။ သို့သော် ရန်ကုန်တွင် တစ်နေ့လျှင် လူတစ်ရာခန့် ရောဂါဖြစ်ပွားနေဆဲဖြစ်ရာ ကိုဗစ်စိန်ခေါ်မှုကြီးကို ကျော်လွှားထိန်းချုပ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းရပ်များကို ယနေ့ပင် စတင်လှုပ်ရှား ဆောင်ရွက်လာကြသည်ကို တွေ့ရပါသည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ထောက်ခံ အားပေးကြသည့် လူထုအစိတ်အပိုင်းများ စသည်ဖြင့် လှုပ်လှုပ်ရှားရှား ရှိနေကြသည်ကို လမ်းများပေါ်မှာ လူမှုကွန်ရက်များပေါ်မှာ မြင်ရသည်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အားတက်ဝမ်းမြောက်စရာဟု ရှုမြင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2020

၁။ (၈-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Sep 08, 2020

၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2020

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ် အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများ စားသောက်ကုန်(၅)မျိုး ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် (၄၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၁ ရက်တွင် Virtual Meeting အဖြစ် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2020

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ၈-၉-၂၀၂၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၂၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ရေး စီစဉ်ပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်