Skip to main content

Jun 24, 2026

လူကုန်ကူးမှုသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျွန်ပြုမှုအသွင်ဖြင့် ပေါ်ပေါက်လာသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ လူကုန်ကူးမှုသည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုပြီးပါက ဒုတိယမြောက် အမြတ်အစွန်းရရှိမှုအကြီးဆုံးသော ရာဇဝတ်မှုဖြစ်သည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများက သတ်မှတ်ထားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကို နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား သုံးဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းဒေသများအတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံသားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ကယားပြည်နယ်၊ ဖရူဆိုမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ လွိုင်ကော်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၇ ထပ် လူနေအဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းတပ်နယ်ရှိ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ပေါ်မှ ဖြတ်သန်းသွားလာခွင့်အချိန်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုး သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၆၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ကျော်နှင့် စိတ်ကြွဆေးပြား ခြောက်သန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ခွာညိုပန်းအဝိုင်းအနီးရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနပိုင် ဝါးနှင့် သစ်စေးစိုက်ပျိုးရေး စီမံကိန်းမြေနေရာအကွက် အမှတ် (၂၀) အတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့်  ဝန်ထမ်းများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများမှ ကျေးရွာခေါင်းဆောင်များအတွက် ဖွင့်လှစ်သည့် အသုံးချစာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ဓမ္မာရုံ၌ အောင်ဇမ္ဗူရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၅ ဦးကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် တပ်တွင်းဓမ္မာရုံ၌ မင်္ဂလာရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၀ နှင့် ရွှေချီရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၃၀ စုစုပေါင်း သက်ကြီးပုဂ္ဂိုလ် ၇၅ ဦးကို သက်ကြီးရွယ်အို သက်သေခံကတ်ပြားများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

​​​​​​​မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ ‘‘နိုင်ငံရဲ့ဖွံ့ဖြိုးမှု ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖျက်ဆီးနေတဲ့ ပညာမတတ် အကြမ်းဖက် PDF” ခေါင်းစဉ်ဖြင့် ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေးအတွက် မြောက်ပိုင်းခရိုင် မြို့နယ်များတွင် စီမံချက်အစု အဖွဲ့(၂၄) အဖွဲ့ဖြင့် ရှောင်တခင် အသေးစိတ်ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြုထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အမျိုးသမီးငယ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက အစစအရာရာ အဆင်ပြေကြောင်း လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဝါးကတုတ် ရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နဝမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်