Skip to main content

Aug 07, 2021

ယခုအခါတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူများ ကပ်ရောဂါ ကင်းဝေးရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်က အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိသဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုကို အတော်အသင့်ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။ ကိုဗစ်ရောဂါ ဖြစ်ပွား သေဆုံးမှုများ ဆက်လက်မြင့်မားလာခြင်းမရှိဘဲ အခြေအနေကောင်းများ ရရှိလာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းသည် ပထမလှိုင်းနှင့် ဒုတိယ လှိုင်းတို့ထက်ပို၍ ပြင်းထန်သည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်၊ ရောဂါပိုးတွေ့ရှိသူ ရာခိုင်နှုန်းနှင့် သေဆုံးသူဦးရေ တို့မှာ ယခင်လှိုင်းများထက် ပိုမိုမြင့်မားများပြားသည်။ ဤသည်မှာ မိမိတို့တစ်နိုင်ငံတည်းသာ မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ထိုနည်းနှင်နှင်သာဖြစ်သည်။ မိမိတို့ နိုင်ငံထက် စီးပွားရေးအင်အားကြီးသည့် နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းသည့် နိုင်ငံ၊ နည်းပညာ ပိုမိုမြင့်မားသည့် နိုင်ငံများသည် ပင်လျှင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အလူးအလိမ့်ခံကြရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ နှင့်စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် တို့သို့ သွားရောက်၍ ဘဏ်များ၌ ငွေသွင်း/ငွေထုတ် ဆောင်ရွက်နေမှုများ၊ အစိုးရဌာနအဖွဲ့ အစည်းများသို့ လစာနှင့်အသုံးစရိတ်များ ထုတ်ပေးနေမှုနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၄)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (14th Mekong-Japan Foreign Ministers Meeting)သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဒုတိယမြို့တော်ဝန်ဟောင်း တာဝန်များထမ်းဆောင်ခဲ့သော ဦးရဲမင်းဦး၏ ဆောင်ရွက်ချက်များနှင့် နေပြည်တော်မြို့မဈေး၌ မီဒီယာစင်တာ ဆောက်လုပ်ခြင်းတို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှုများအပေါ် စိစစ်ဖော်ထုတ် ပေးနိုင်ပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်လျှက်ရှိသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေစခန်းများမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေ လျှော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းကုန် လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့် ပြုပေးခြင်းများကို SOP နှင့်အညီ ကူညီဆောင်ရွက် ပေးလျှက်ရှိပြီး စဉ်ဆက်မပြတ်တင်သွင်း နိုင်ရေး ပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက်ပေးလျှက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၄ ရက်နှင့် ယနေ့ တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၂၂၂ ဦး၊ အမျိုးသမီး ၁၇၄ ဦး၊ စုစုပေါင်း ၃၉၆ ဦး တို့ကိုလည်းကောင်း၊ ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၆ ဦး တို့ကိုလည်းကောင်း၊ မြဝတီမြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၂၀၄ ဉီး တို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် စားသောက်ကုန်များ ပြည်သူလူထုအခက်အခဲမရှိ သုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက မန္တလေးမြို့ မြို့တော် ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံး ကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုး လှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်းများ၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို စိုးရိမ်ခဲ့ပြီး တိမ်းရှောင်နေကြကြောင်း တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူ များသည် တိုင်းဒေသကြီးအတွင်း သားငါးဖွံ့ဖြိုးရေး ဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် အောင်မြေသာစံ မြို့နယ်ရှိသရက်ကုန်း ငါးလုပ်ငန်း စခန်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး SINOPHARM ဆေးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၌ထားရှိရာ အဆိုပါဆေးပစ္စည်းများကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

နေပြည်တော် ဩဂုတ် ၅ အိန္ဒိယနိုင်ငံသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများ အသင်း (IWAY)နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် မြန်မာပြည်သူများအတွက် ဆေးဝါး နှင့် ဆေးပစ္စည်းများအား လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်