Skip to main content

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

နေပြည်တော် ဩဂုတ် ၅


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၄ ရက်နှင့် ယနေ့ တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၂၂၂ ဦး၊ အမျိုးသမီး ၁၇၄ ဦး၊ စုစုပေါင်း ၃၉၆ ဦး တို့ကိုလည်းကောင်း၊  ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၆ ဦး တို့ကိုလည်းကောင်း၊ မြဝတီမြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၂၀၄ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။ 

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်