မန္တလေး ဩဂုတ် ၅
ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် စားသောက်ကုန်များ ပြည်သူလူထုအခက်အခဲမရှိ သုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက မန္တလေးမြို့ မြို့တော် ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုများကို ရာနှုန်းပြည့် ဆောင်ရွက်လိုကြောင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် စားသောက်ကုန်များ ပြည်သူလူထု အခက်အခဲမရှိ သုံးစွဲနိုင်ရေး အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မြို့ဝင်/မြို့ထွက် ဂိတ်များတွင် ကုန်စည်စီးဆင်းမှုမှန်ကန်အောင် ဆောင်ရွက်ပြီး မလိုလားအပ်သည့် ကိစ္စရပ်များ မပေါ်ပေါက်စေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။ ။
ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုနှင့် စားသောက်ကုန်များ ပြည်သူလူထု အခက်အခဲမရှိသုံးစွဲနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်