Skip to main content

၂၀၂၁ ခုနှစ် အောက်တိုဘာလထုတ် သုတပဒေသာစာစောင် ထွက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၃

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ် များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ် စာစောင်များမှကောင်းနိုးရာခေတ်မီအကြောင်းအရာ များနှင့် ယခုလအတွက် အထူးပြုရေးသားသည့်သိမှတ်စရာ ရှေးဦးသူနာပြုစုခြင်းပညာမျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတပဒေသာစာစောင် (အောက်တိုဘာလ)ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ကဖြန့်ချိလိုက်ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလထုတ် သုတ ပဒေသာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို။ ဆရာဝန် မင်းသိုက်၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)တို့၏သိမှတ်စရာ ရှေးဦး သူနာပြုစုခြင်းပညာမျက်နှာဖုံးဆောင်းပါးများ၊ မောင်ပေါ်ထွန်း၊ မောင်မောင်မြင့်သိန်း (စက်မှု တက္ကသိုလ်) တွဲဖက်ပါမောက္ခ ဦးလွင်မြင့်တို့၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ဆောင်းပါးများ၊ စောနိုင် (အသုံးချ ဘောဂဗေဒ) ဒေါက်တာမြင့်သန်း (ညောင်လေးပင်) အေးထွန်းမင်း၊ ခင်မောင်ခြိမ့်တို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါးများ၊ အောင်မြတ် စည်သူ၊ ထီလာစိုးမြင့်ထယ်တို့၏ စီးပွားရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆောင်းပါးများ၊ ကြည်လွင်ဦး (ရေနံ)၏လူကုန်ကူးမှုဆိုင်ရာဆောင်းပါး၊ နေညိုယဉ်၊ ဒေါက်တာမြင့်သန်း (သန္ဓေသား) ချိုးငှက် (သံတွဲ) ဝင်းထွဋ်ဦးတို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ မြသိန်း၊ ရဲထက်ဇော်၊ ဒေါက်တာကောင်းစံတို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ) ကျော်ဝင်းဟိန်း(ပခုက္ကူ) ဘူမိလုလင်၊ ဆောင်းဝင်းလတ်၊ ညီမော်သိမ်း၊ ဒေါက်တာလွင်သန့်၊ မြတ်လေးမြင့်၊ စိန်ဝင်းမော်၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊  ဝတ္ထုတိုနှင့် အထွေထွေကဏ္ဍများကိုရောင်စုံ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်  အရောင်းဆိုင် အမှတ် (-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီး သီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိ နိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်၊ အရောင်းဆိုင်အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်