Dec 13, 2021
အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပသော အာဆီယံနိုင်ငံများရှိ သမုဒ္ဒရာများ ရေရှည်တည်တံ့စေရေးဆိုင်ရာ အဆင့်မြင့် ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ (၉) ရက်တွင် ဒူဘိုင်းကုန်စည်ပြပွဲတွင် ပြသထားသည့် ပြခန်းများ နှင့် ပြည်ထောင်စု အာရပ်စော်ဘွားများ နိုင်ငံအစိုးရ ရာသီဉတုပြောင်းလဲ ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန မှ ကြီးမှူးကျင်းပသည့် အရှေ့ အလယ်ပိုင်း ဒေသနှင့် အာဖရိကဒေသစားနပ်ရိက္ခာဖူလုံရေးအတွက်ရည်ရွယ်ကျင်းပသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe AquaMe ပြခန်းများကို သွားရောက်ကြည့်ရှုလေ့လာပြီး ပြခန်းတာဝန်ခံများ၊ နည်းပညာ ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏လက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ နည်းပညာရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
Dec 13, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် မြဝတီကုန်သွယ်ရေး ဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ (၅)ခု၊ ယာဉ်စီးရေ (၁၂)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် တန် (၂၀) ၊ အောက်ဆီဂျင်(အိုးခွံ) (၂၃၈)ခု၊ လက်အိတ်(၁၀)တန်နှင့် နှာခေါင်းစည်း (Mask) တန် (၆၀) တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။
Dec 13, 2021
သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၆၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Dec 13, 2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် မြန်မာ့သိုင်းဒိုင်လူကြီးနှင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ခန်းမ၌ ကျင်းပသည်။
Dec 13, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြန်မာ့မီးရထား၊ ယန္တရားအလုပ်ရုံ (မလွှကုန်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 13, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ဒီဇင်ဘာ (၁၂)ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ အမှတ်(၄)အထည် စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်လင်းတင်ပြသည်။
Dec 13, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပ မြို့နယ်(၁၀)ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာအားကစားကွင်းသို့ သွားရောက်၍ ၂၀၂၂ခုနှစ်တိုင်းနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် ရန်ကုန် တိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသမီး ဘောလုံး အသင်းနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံ သက်လုံသင်တန်းကျောင်းမှ ဘောလုံး အသင်းတို့ ခြေစမ်းပွဲ ကန်နေမှုကို ကြည့်ရှုအားပေးပြီး အလှူငွေများနှင့် လေ့ကျင့်ရေး ဝတ်စုံများ ပေးအပ်ခဲ့သည်။
Dec 13, 2021
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံ၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
Dec 13, 2021
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ သည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ် ဆည်းကပ်ရာ ရဟန်းသံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
Dec 13, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ဖွဲတိုက်ခိုက်ဖျက်ဆီးခြင်း၊ ရက်စက် ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အရွယ်မရောက် သေးသည့် ကလေးသူငယ်များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် သွေးထိုး မြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။
Dec 13, 2021
CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့ အစည်းများသည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက် များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊
Dec 13, 2021
နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် မိုးကုတ်မြို့၊ လယ်ဦးရပ်ရှိ မိညောင်(ခ)ညီညီအောင်၏ နေအိမ်တွင်မိုးကုတ် PDF အကြမ်းဖက် အဖွဲ့ဝင်များ ရောက်ရှိနေကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ အောင်ကိုဝင်း (၂၀)နှစ်အား KA-25 သေနတ် ခြောက်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည် ၂၅၀ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး နှစ်လုံး၊ အီကွေ့မန့် ခြောက်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ကိုဝင်း၏ ထွက်ဆိုချက်အရ မိုးကုတ်မြို့၊ လယ်ဦးကျေးရွာ၊ သံလွင်တောင်ရပ်ရှိ တောင်ယာတဲ၌ KA-25 သေနတ် နှစ်လက်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
Dec 13, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက
Dec 13, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမ အရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ် လုပ်ငန်းလည်ပတ်စေနိုင်ရန်နှင့် စားသုံးသူ အသင်းသားပြည်သူများသို့ သက်သာ ချောင်ချိစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန က ဆန်နှင့် ဆီများ ဖြန့်ဖြူးရောင်းချပေးသည်။
Dec 13, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားမျိုးနွယ်စုတစ်ရာကျော် စုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုသား အားလုံးတို့သည် နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ မရှိအတူ ရှိအတူ ချစ်ခင်ရင်းနှီးစွာ အတူလက်တွဲနေထိုင်ခဲ့ကြသည်။ မျိုးနွယ်စုတစ်ခုချင်းစီ အလိုက်ဖြစ်တည်နေသော အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများအား လေးစားတန်ဖိုးထား နားလည်ကြသည်။
Dec 13, 2021
ပြည်ဖျက်မီဒီယာများနှင့် မိမိတို့နိုင်ငံကို ဝင်ရောက်စွက်ဖက်လိုသော ပြည်ပနိုင်ငံအချို့မှ ပုဂ္ဂိုလ်များက မဟုတ်သည်ကို အဟုတ်လုပ်ကာ အတိုင်အဖောက်ညီညီဖြင့် မြန်မာ့ပြည်တွင်းရေးရာ များတွင် မမှန်မကန်ပြုလုပ်နေကြသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကျဆင်းစေရန်နှင့် မြန်မာ့တပ်မတော်ကို ဆိုးဆိုးရွားရွား အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်လာကြစေရန် ဖန်တီးနေကြခြင်းပင် ဖြစ်သည်။ မြန်မာပြည်တွင်းရှိ အကြမ်းဖက်အုပ်စုများ၊ ပြည်ဖျက်မီဒီယာများနှင့် မြန်မာ့အရေးကို စွက်ဖက်လိုသူများ သုံးဦး သုံးဖလှယ် ပူးပေါင်းကြံစည် ပြုလုပ်နေကြသည့်အလားပင်ဖြစ်သည်။
Dec 12, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ကိုယ်ကျိုး အတ္တကိုအခြေခံ၍ အပြစ်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
Dec 12, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Dec 12, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့မှ ကုမ္ပဏီ (၄)ခု၊ ယာဉ်စီးရေ(၁၀)ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးဖြင့် တန် (၂၀) နှင့် နှာခေါင်းစည်း (Mask) တန် (၆၀) တို့ကို တင်သွင်းခဲ့သည်။
Dec 12, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) နှင့် ကုန်းလမ်းပို့ဆောင်ရေး၊ အခြေစိုက်အလုပ်ရုံ အမှတ် (၃) (မရမ်းကုန်း) တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
