Skip to main content

Dec 12, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)၊ ဒိုက်ဦး-စစ်တောင်းလမ်းနှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး - ကျိုက်ထို - သထုံ - ဘားအံ လမ်း ၊ တံတား ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က လိန်းလီကျေးရွာအနီး အထက်ပေါင်းလောင်းဆည်၌ ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါး မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေး တောင်သူများနှင့် တွေ့ဆုံ၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ရေချိုငါး ပုဇွန် စီးပွားဖြစ်မွေးမြူနိုင်ရေးအတွက် တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ”ရောင်စုံ ဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက စက်တင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖိတ်ခေါ်ကျင်းပခဲ့ရာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ တိုင်းရင်း သားရိုးရာ အလှအပများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထင်ရှားသည့် အမှတ်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည့် လွတ်လပ်ရေး၏ အနှစ်သာရတို့ကို ဖော်ညွှန်းရိုက်ကူး ထားသည့် ဓာတ်ပုံများဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ဓာတ်ပုံပညာရှင် ၁၄၀က ပြိုင်ပွဲ ဝင်ဓာတ်ပုံ ၃၃၉ပုံ ဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ( ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့ ကန်ခေါင်းရပ်ကွက် ကန်ခေါင်းဈေးလမ်း (သန္တာလမ်း) တွင် ကျော်မင်းဦး(ခ) ယူစွဖ်(ခ) ရီဆွတ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ၁ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့ အလယ်ကျွန်း ရပ်ကွက် ခွာညိုလမ်းနေ မအေး အေးသန်း(ခ) လာဟီမာဘီ ကို ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ နှင့်လည်း ကောင်း၊ မွန်းလွဲ၁ နာရီ ၄၅ မိနစ် တွင် မြိတ်မြို့ ကန်ခေါင်းရပ်ကွက် ကန်ခေါင်းဈေးလမ်း(သန္တာလမ်း) နေ မဥမ္မာဆွေ(ခ) မရာဟီမာ ကို ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ နှင့်လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက် ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အား တိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုး နိုင်သော Sinopharm ေဆးများနှင့် ဆေးတစ်လုံးလျှင် လူ ၂ ဦးထိုးနိုင်သော Sinovac ေဆးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါ အဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်း သူများ၊ မသန်စွမ်းသူများ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ် မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

လာမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ယနေ့ထက်တိုင် ကမ္ဘာမှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး တူညီဆန္ဒများဖြင့် ပြည်ထောင်စု အုတ်မြစ်တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုအနှစ်သာရနဲ့ ပြည့်ဝလှတဲ့ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ဒီနေ့ ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုအားပေးနေကြပါသော ပြည်ထောင် စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တတိယအကြိမ် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁)ပွဲတော်" ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၌ Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ အဖွင့် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

ပြင်းပြသော အလိုဆန္ဒသည် အောင်မြင်ပြီးမြောက်ရန်အတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ကြီးမားထက် သန်ပြင်းပြသောဆန္ဒက အထွတ် အထိပ်သို့ရောက်ပြီး အကြီးအမှူးပြုသည့်အခါ မည်မျှခက်ခဲသည့် အလုပ်ပင်ဖြစ် စေကာမူ အောင်မြင်ပြီးမြောက်နိုင်စေမည့် စွမ်းအား တန်ခိုးသတ္တိကိုထွက်ပေါ်လာသည်။ ဗုဒ္ဓမြတ်စွာဘုရားက “ဆန္ဒဂတော ကိ' နာမကမ္မံ နသိဇ္ဇတိ” ဆန္ဒကြီးမား ပြင်းပြသူအတွက် မပြီးမြောက် နိုင်သော အလုပ်ဟူသည်မရှိ ဟူ၍ ဟောကြားတော်မူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ သည့် လူ့အဖွဲ့အစည်း အတွင်း အဂတိလိုက်စားမှုကိုလက်မခံတဲ့ ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ ယဉ်ကျေးမှု တစ်ရပ် ဖြစ်ထွန်းလာစေဖို့အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာပါဝင်မှသာ မိမိလုပ်ငန်းခွင်၊ မိမိနေထိုင်ရာလူမှု ပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနဲ့ အဂတိကင်းစင်သော လူမှုအသိုက်အဝန်း တစ်ခု တည်ဆောက် နိုင်မှာဖြစ်ပါတယ်” ဟူသည့်အချက်ကို မှတ်သားရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် စစ်တွေ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှတင်သွင်းရာ ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ (၅)စီးဖြင့် နှာခေါင်းစည်း Mask (၃၇) တန် တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မန္တလေး-မူဆယ် လမ်းကြောင်း တစ်လျှောက် ကုန်စည် ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေးနှင့် Check Point များ သတ်မှတ်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ (၇၃) လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါ လမ်းကြားရှိ Pullman Mandalay Mingalar Hotel ၊ သဇင်ခန်းမ (၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ဒူဘိုင်းကုန်စည်ပြပွဲ၏ အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေးပွဲ (High- Level Forum) ကို ဒီဇင်ဘာ ၁၀ ရက်က United Arab Emirates (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့ Dubai Expo 2020 (Business Connect Centre)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၂/၂၀၂၁)၊ (၄/၂၀၂၁)၊ (၇/၂၀၂၁) နှင့် (၈/၂၀၂၁)တို့ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၃၄)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ် ရာထူး(၈၉၀)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ် ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန (၅) ခု၌ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် “စောင့်စည်း အာရုံမြတ်သည့်ဂုဏ်” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက် လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ် ၊ အနော်ရထာ ရပ်ကွက် ရှိ မဟာဗောဓိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တပ်ကုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကရုံးပိတ်ရက်တွင် ဒေသခံပြည်သူများ ကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ တံတားဦးမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သောNew Hope(Myanmar)Company Limited ၏ တိရိစ္ဆာန်အစာများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှု အားပေးရာ ကုမ္ပဏီ၏ Managing Director Mr. Zhao HuaRong က လုပ်ငန်းဆောင်ရွက်နေမှု ၊ တွေ့ကြုံ နေရသည့် အခက်အခဲ များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အတွက် လုပ်ငန်းဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (ရုံးချုပ်)၊ ဆူးလေဆိပ်ကမ်း၊ အလုံမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်