Skip to main content

ကချင်ပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(၁၂)ကြိမ်မြောက် ၂ နှစ်တာ ပုံမှန်သင်တန်း ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၈

ကချင်ပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (၁၂)ကြိမ်မြောက် ၂ နှစ်တာ ပုံမှန် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းထိုင် ဘုန်ကြီးသင် တန်းကျောင်းရှိ ဓမ္မဗိမာန်တော်၌ ပြုလုပ်ရာကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ခေမာသီဝံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာစရာ ဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ကျောင်းကြီးကြပ်ရေးနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တကေတုမာ လာက ဩဝါဒကထာမြွတ်ကြားပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝါသဝက သင်တန်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။

ဆက်လက်၍ ကျောင်းဉပတ္တမ္ဘကအဖွဲ့ အတွင်းရေးမှူး ပြည်နယ်သာသနာရေးမှူး ရုံးဒုတိယညွှန်ကြားရေးမှူးက သင်တန်းကျောင်း အုပ်ချုပ်ထောက်ပံ့မှု ကိစ္စနှင့်ပတ် သက်၍ ရှင်းလင်း လျှောက်ထားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက  ကျောင်းကြီးကြပ် ရေးနာယကအဖွဲ့ဝင် ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး သံဃာ တော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်