Skip to main content

Dec 22, 2021

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၄၀ လုံးထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပဉ္စမအကြိမ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယနေ့နံနက် ၁၀ နာရီက ရုံးအမှတ် (၁၇) စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက် လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ဒီဇင်ဘာလ ၁၂ ရက်တွင် ပဲခူးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ခန့်လင်းနိုင်(ခ)ကိုခန့် (၁၉)နှစ် သည် ပဲခူးမြို့မှ ခရီးသည်တင်ယာဉ်လိုင်းဖြင့် မန္တလေးမြို့သို့ လိုက်ပါလာကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၅၈)၌ ခန့်လင်းနိုင်(ခ)ကိုခန့်အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့် ထွက်ခွာလိုက်ပါမည့် ခရီးသည် အမျိုးသမီး တစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့ထံမှ ဒီတိုနေတာ ၁၀၀၀ ခုထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို ကျေးရွာသူ၊ ကျေးရွာသားအချို့က လျှို့ဝှက် သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့စဉ် အကြမ်းဖက်သမား လေးဦးအား အသေဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြု “တူယှဉ်နွှဲပျော် ဂီတပွဲတော်" သီချင်းဆိုပြိုင်ပွဲ အုပ်စု (ဂ) တွင် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် ကိုးဦးအား တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးမှုစွမ်းအား၊ ညီညွတ်မှုစွမ်းအား၊ အမျိုးကိုချစ်သော စိတ်ဓာတ်၊ အမိမြေကိုချစ်သောစိတ်ဓာတ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောနိုင်ငံဖြစ်ပေသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ အေးချမ်းစွာဖြင့် ချစ်ခင်စည်းလုံးနေထိုင်ခဲ့ကြရာမှ ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးပြီး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2021

လွတ်လပ်ခြင်းဆိုသည်မှာ အချုပ်အနှောင်ကင်းမဲ့ခြင်းနှင့် အတားအဆီး မရှိခြင်းတို့ပင်ဖြစ်သည်။ ချုပ်နှောင်ထားခြင်း၊ တားဆီးပိတ်ဆို့ထားခြင်းကို မည်သူမျှမကြိုက်။ လူတိုင်းလူတိုင်းက လွတ်လပ်ခြင်းကိုသာ အလိုရှိကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရေးလက်စ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် “လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေး ဘဝထက် ကျွန်တော် အဆတစ်ရာ ကြိုက်သည်။ နှစ်သက်သည်။ ကျွန်တော်သည် စိမ်းလန်းစိုပြည်သော၊ ကျယ်ပြန့်သော လွင်ပြင်ရိုင်းတွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးတူးအော်ဟစ်နေလိုသည်။”ဟူ၍ ရေးဖွဲ့ခဲ့ရာ လွတ်လပ်ခြင်းအပေါ် ဗိုလ်ချုပ်၏ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြက်ပြက်ထင်ထင် တွေ့မြင်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2021

(၂၁-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2021

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2021

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ်အကြို အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ကျောက်ဖြူမြို့သို့ ရောက်ရှိကြရာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၌ ကျောက်တစ်လုံး IDP စခန်းဖွင့်လှစ် ထားရှိမှု၊ ပြောင်းရွှေ့ဆောက်လုပ်မည့် အခြေအနေ တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2021

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ ကုသရေး)၊ ဒေါက်တာထွန်းမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက် သည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2021

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေး‌နွေးမှုများကို မကြာမီ စတင်တော့မည်ဖြစ်၍ အာဆီယံသာမက မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက်ကိုပါ ရလဒ်ကောင်းများရရှိအောင် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ဘာသာရပ် အလိုက် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများ ရွေးချယ်တာဝန်ပေးအပ်ရာတွင် နိုင်ငံတကာ သဘောတူညီချက်များ၊ မိမိနိုင်ငံ၏ ဥပဒေများကို ကြေညက်ပိုင်နိုင် ကျွမ်းကျင်သူများကိုသာ တာဝန်ပေးအပ်ရန် လိုအပ်ကြောင်း ယနေ့ကျင်းပပြုလုပ်သည့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2021

မြန်မာနိုင်ငံ၏ အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးအတွက် စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်