Skip to main content

Jan 27, 2022

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(င) ဒုတိယပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း များတွင် အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP) အ ကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပရာကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်း ၁၂ ခုနှင့် ကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမား များအား ထောက်ပံ့ရန်အတွက် လွိုင်ကော် မြို့နယ်၊ ဘာဒိုကျေး ရွာ အဆောက်အဦ ၁ လုံးအတွင်း၌ သိမ်းဆည်းထားရှိသည့် လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံး ကုန်ပစ္စည်းမျိုးစုံကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုကွင်း၌ ကျင်းပမည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲပြိုင်ပွဲ (၂၀၂၂) ကျင်းပရေး အကြိုပြင်ဆင်မှုများကို ဇန်နဝါရီ ၂၄ ရက်တွင် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့် ဆည်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အိမ်တွင် အိမ်စည်းကမ်း၊ လမ်းတွင် လမ်းစည်းကမ်း၊ မြို့ရွာတွင် မြို့ရွာစည်းကမ်း၊ နိုင်ငံတွင် နိုင်ငံစည်းကမ်းဥပဒေတို့ရှိသည်။ စည်းကမ်းဥပဒေ တို့သည် လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။ စည်းကမ်းဥပဒေတို့ကို လိုက်နာမှသာ အေးချမ်းသာယာ ဝပြောသော ဝန်းကျင်ကောင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ မိမိတို့မကျေနပ်ချက်ဖြင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးရန်မသင့်ပေ။ လောကဝန်းကျင်ကို အကျည်းတန်အရုပ်ဆိုးအောင် မပြုလုပ်သင့်ပေ။ သို့သော် လောကတွင် အကောင်းနှင့်အဆိုးတို့ရှိရာ မကောင်း သောအမှုကို ပြုလုပ်ပါက စည်းကမ်းဥပဒေအရ အရေးယူခြင်း ခံကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာသည့် အတွက်တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသအသီးသီး သို့ ပြန်လည် ဝင်ရောက်လာနေကြသည်။ ပြည်နယ်မြို့တော် ဖြစ်သည့် လွိုင်ကော်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံ ပြည်သူများမှာ နေရပ်စွန့်ခွာ၍ လွတ်ကင်းရာသို့ တိမ်းရှောင်ခဲ့ကြ ရခြင်းဖြစ်သည်။ လွိုင်ကော်အရပ်ဘက်လေဆိပ်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော် အကျဉ်း ထောင်ကို နှောင့်ယှက်ပစ်ခတ်ခြင်း၊ မြို့နေလူထုကို အကာအကွယ်ပြု၍ ပစ်ခတ် တိုက်ခိုက်ခြင်းများ အပါအဝင် PDF အကြမ်းဖက်အဖွဲ့များ နှင့် KNPP အဖွဲ့ အချို့ တို့၏ အခြား အကြမ်းဖက်လုပ်ရပ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယားပြည်နယ်အတွင်း နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာ ညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ အကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မာန်အောင်မြို့နယ်၊ ကအီးကျေးရွာအနီးရှိ မာန်အောင်ကျွန်းသဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် Manaung Island Resort မာန်အောင်ကမ်း ခြေဟိုတယ်ဖွင့်ပွဲသို့ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန(VFRDC)တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော်များ ဆွမ်းကွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အင်အားဖြည့် အစားအစာများကိုလည်း ထောက်ပံ့လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေး ဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄၅ ဦး၊ အမျိုးသမီး ၉၅ ဦး၊ စုစုပေါင်း ၂၄၀ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၀ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စု လေသာ(တောင်)ကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လေသာ (တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်း အင်းချောင်းများ ပြုပြင်တူးဖော်ခြင်းဖြင့် ရေချိုပျောက်ကွယ်ခြင်းမှ ကာကွယ်ကြရန်၊ ငါးအထွက်တိုးအောင် ဆောင်ရွက်ကြရန်၊ ရေချိုငါးလုပ်ငန်း ဥပဒေကြေး တိုင်အင်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ကြေးတိုင်လျှောက် အင်းသားကြီးများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို မြောင်းမြခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူးရုံးတွင် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အရာထမ်း၊ အမှုထမ်း ၄၅ ဦးတို့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက် လေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်