ရန်ကုန် ဇွန် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ (ရန်ကုန်)၏ မိုးရာသီ “ကျောင်းအုပ်ကြီးဒိုင်း” အဆောင်လိုက် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပသည်၊၊
အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ (ရန်ကုန်) ကျောင်းအုပ်ကြီးဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားပြိုင်ပွဲများကို ဖွင့်လှစ်ပေးသည်။
အဆောင်လိုက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ဇူလိုင်(၁၁)ရက်အထိ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)