Skip to main content

Mar 08, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ၁ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လျာထားချက် ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးမှာကြားခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၁၄ ဒသမ ၄၁၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၉,၂၄၆) လည်းကောင်း၊ မတ် ၅ ရက်တွင် မြောက်ဥက္ကလာပ မြို့နယ်နှင့် လှည်းကူးမြို့နယ်တို့အတွင်း တရားမဝင် ကျွန်းပါကေးအကြမ်းတုံး (၂.၃၀၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀,၉၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) လည်းကောင်း၊ မတ် ၆ ရက်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၂၂/၇) အနီး၌ တရားမဝင် ကျွန်းပါကေး အကြမ်းတုံး (၀ ဒသမ ၈၂၅၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇,၆၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၄၇,၈၂၆) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

မိန်းကလေးတစ်ဦးကိုတရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် မင်းလွင်ကုန်းဂိတ်၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၃ ရက်နံနက်ပိုင်းတွင် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၃၈/၀ - ၁၃၉/၄)အတွင်း ၁ မိုင် ၄ ဖာလုံ AC လမ်းဟောင်းကို Milling Machine ဖြင့် ခြစ်ထုတ်ပြီး ၂၅ ပေ အကျယ် AC လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေး)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြည်တွင်း၊ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့ကို သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လိုက်နာနေထိုင်ရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

မန္တလေးတိုင်းဒေသကြီး၌ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ အရာထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)စုဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

ယခုရက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား နေ့စဉ်ပြတ်တောက်မှုကြောင့် ပြည်သူများ၏ လူမှုစီးပွား နေထိုင်မှုဘဝများ၌ အခက်အခဲများ ရှိနေမည်ဖြစ်သည်။ ပြည်သူများအား လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်အောင် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်ဓာတ်အားပေးမှုတွင် လတ်တလော၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများ ရှိနေသည်ကို ပွင့်လင်းမြင်သာစွာ အသိပေးရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2022

မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ပေးသည့် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ပေးလျက်ရှိရာ စီမံချက်ကာလသည် ယခုအခါ ၁၀ လ တင်းတင်းပြည့်ပြီးခဲ့ပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2022

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သည့် (၄၀)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ တက်ရောက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2022

စစ်ကိုင်းတိုင်းဒေသကြီးသို့ ရောက်ရှိနေကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ နယ်မြေခံတပ်နယ်သို့ သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကိုတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားပြီး စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2022

​​​​​​​၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာသွားသူ (၁၁)ဦးသည် မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဖြစ်မှရပ်စဲကြောင်းကို ၄-၃-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2022

(၆-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၀,၀၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၁၇၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၅.၈၆) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2022

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၌ မေ (၁၂)ရက်မှ (၂၃)ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များဖြစ်သော ...

ဆက်လက်ဖတ်ရှုရန်