Mar 07, 2022
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၌ မေ (၁၂)ရက်မှ (၂၃)ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များဖြစ်သော ...
Mar 07, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် မတ် (၆)ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ရာတွင် အဓိကကျသည့် လှိုင်သာယာ - တွံတေး - ကော့မှူး - ကွမ်းခြံကုန်း - ဒေးဒရဲ - ဖျာပုံလမ်းနှင့် တွံတေး - မအူပင် လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်ကြည့်ရှုစစ်ဆေးသည်။
Mar 07, 2022
မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 07, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍...
Mar 07, 2022
ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
Mar 07, 2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အသံမစဲမဟာပဌာန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
Mar 07, 2022
ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk)နှင့် ဖွဲနု (Rice Bran) တို့မှတိုးဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
Mar 07, 2022
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ တိပိဋကပုလဲရောင်ရှိန်စာသင်တိုက် ရမ္မာဝတီဆရာတော် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလနှင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ပေါ်ရှိ ဆရာတော်ကြီးများ၏ ဩဝါဒခံယူပြီး ရမ်းဗြဲမြို့နယ် အသင်း(ရန်ကုန်)မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ရမ်းဗြဲမြို့ရှိ မြို့သစ်စီမံကိန်း မြေနေရာတွင် ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းပါဝင်လှူဒါန်းငွေကျပ် သိန်း ၃၅၀၀ ခန့်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ရမ္မာဝတီဘိုးဘွားရိပ်သာ ဖွင့်ပွဲနှင့် ရေစကြိုဆရာတော် တိပိဋကဓရဘဒ္ဒန္တဝါယာ မိန္ဒာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား တိပိဋကဓရပူဇာပွဲကို ယနေ့နံနက်ပိုင်းတွင် ရမ်းဗြဲမြို့ရှိ အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပသည်။
Mar 07, 2022
ကွန်ဟိန်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 07, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်းက ကျောင်းသမိုင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာစံနှုန်းများနှင့် အညီလေ့ကျင့်သင်ကြားပို့ချမှု၊ ဖွဲ့စည်းပုံ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးကလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
Mar 07, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
Mar 07, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မတ် ၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၄၉ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။
Mar 07, 2022
မြန်မာ့ပင်လယ်ပြင်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့် လူတို့ပိုမိုဖမ်းဆီးလာမှုတို့ကြောင့် ငါးသယံဇာတလျော့နည်းလာမှုကို ထိန်းချုပ် ကြပ်မတ်နိုင်ရန် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ငါးလုပ်ငန်းဦးစီးဌာနများတွင် တပ်ဆင်ထား သော VMS စနစ်စက်ဖြင့် ငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များကို ထိန်းချုပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
Mar 07, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့စွယ်စုံကျမ်း ပြန်လည်ပြုစုထုတ်ဝေရေးအဖွဲ့၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
Mar 07, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့ရှိ စုပေါင်းရုံးခန်းမ၌ ကလေးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံသည်။
Mar 07, 2022
၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော ဓာတ်အားပြတ်တောက်မှုများကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ပြည်သူများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရင်ဆိုင်ဖြေရှင်းနေရသည့် အခက်အခဲများအပေါ် သိရှိနားလည်စွာဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြသည်နှင့်အမျှ လာမည့်ရှစ်နှစ်တာကာလတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများအားလုံး ဓာတ်အားသုံးစွဲခွင့်ရရှိရေးသည် မစားရ၀ခမန်း အပြောသက်သက်မျှသာ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ပေါ်လာမည်ဖြစ်သည်။