Skip to main content

Aug 02, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုတို့မှ ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ပညာသင် ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

အမျိုးသမီးများကို တရုတ်အမျိုးသားများထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှုအရည်အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

မန္တလေးတိုင်းဒေသကြီးအတွင်း အကျိုးတူကန်ထရိုက်လယ်ယာစနစ် ပိုမိုဖွံ့ဖြိုးလာရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင် ၃၁ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်လာခဲ့သည်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ၁ နှစ်နှင့် ၆ လ(၁၈ လ)ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် ၆ လတိုးမြှင့် သတ်မှတ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2022

အာဖရိကတွင် စတင်ခဲ့သည့် မျောက်ကျောက်ရောဂါသည် ဥရောပကို ဗဟိုပြုကာကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။ ကျောက်ရောဂါနှင့်တူပြီး မျောက်များတွင် ဖြစ်ပွားသည့် မျောက်ကျောက်ရောဂါ လူတွင်ကူးစက်ဖြစ်ပွားမှု စတင်တွေ့ရှိခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်သည်။ မူလက ကွန်ဂိုနိုင်ငံတွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်ရောဂါသည် အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံများတွင် ဆယ်စုနှစ်များစွာကြာအောင် ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ဒုက္ခပေးလျက်ရှိရာမှ လွန်ခဲ့သည့် လအနည်းငယ်အတွင်းက ဥရောပနိုင်ငံ အချို့၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သို့ ကူးစက်ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2022

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ အကြမ်းဖက်သမား ၂ ဦးက အကြမ်းဖက်မှု လုပ်ရပ်များလုပ်ဆောင်ရန် နေအိမ်အတွင်း လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2022

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2022

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် နတ်တောင်ချောင်းရှိ ရေများပြည့်လျှံမှုကြောင့် ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း မုခ်ဦးနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ပြီး လမ်းရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် စုဝေးရောက်ရှိနေသော PDF အမည်ခံအကြမ်းဖက်သမားများအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းကျက်ကျေးရွာအနီးရှိ မိုင်းကျက်အထက်ဂူအတွင်း ၂၀၁၉ ခုနှစ်၊ အေပြီ ၂၈ ရက်မှ စတင်၍ ၃ နှစ်၊ ၃ လ၊ ၃ ရက်တိတိ တရားကျင့်ကြံအားထုတ် အဓိဋ္ဌာန်ဝင်တော်မူလျက်ရှိသော မိုင်းဖုန်းဆရာတော်ဘုရားကြီး အရညဝါသီ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ဉာဏသံဝရ သည် ယနေ့နံနက်ပိုင်းတွင် အဓိဋ္ဌာန်ပြည့်တော်မူပြီး မိုင်းကျက်အထက်ဂူမှ ပြန်လည်ထွက်တော်မူလာရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အသီးသီးနှင့် အနယ်နယ်အရပ်ရပ်မှ ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညိုကြသည့် ဒေသခံတိုင်းရင်းသားပြည်သူအပေါင်းက သွားရောက်ဖူးမြော်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2022

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဇူလိုင် ၃၁ ရက် နံနက် ၂ နာရီခန့်မှ နံနက် ၁၁ နာရီခွဲခန့်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်