Nov 07, 2022
မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏ စိတ်ရင်းကိုဖော်ညွန်းပြသနေသည့် မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်းမုန်းပွဲတော်သည် မြန်မာတို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို အထင်အရှား မြင်တွေ့ရသည့်ပွဲတော်တစ်ခုဖြစ်သည်။
Nov 07, 2022
(၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုးရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
Nov 07, 2022
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
Nov 07, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Nov 07, 2022
ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်။ သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး) ကို ဗုဒ္ဓဘုရားရှင်က တန်ဆောင်မုန်းလပြည့် ညမြတ်တွင် ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းအား အကြောင်းပြု၍ ဟောတော်မှုခဲ့ခြင်းကို သာသနာ့မှတ်တိုင် စိုက်ထူသောအားဖြင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖအခါတော်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ကို ရှေးအခါက ကြယ်တာရာနက္ခတ်ပေါင်းစုံ ကွန့်မြူးသဖြင့် နက္ခတ်သဘင်အခါကာလဟု သတ်မှတ်ကာ နက္ခတ်တာရာများအား ဆီမီးရောင်စုံဖြင့် ထွန်းညှိပသပူဇော်သော မီးထွန်းပွဲတော်ကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ သို့ရာတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားသော မိမိတို့မြန်မာနိုင်ငံသည် ဆီမီးထွန်းခြင်းကို ဘုရားရှင်အား ပူဇော်ခြင်းအဖြစ် ပြောင်းလဲကျင်းပခဲ့ကြသည်။
Nov 07, 2022
ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များက ရှေးထုံးအစဉ်အလာမပျက် တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်များကို ကျင်းပကြသည့်နည်းတူ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက် အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ အထူးစည်ကားများပြားလျက်ရှိသည်။
Nov 07, 2022
ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz - Regional Level)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော် MICC-II တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူသုံးဦးနှင့် အရန်ကျောင်းသား ကျောင်းသူနှစ်ဦးတို့ကို အပြီးသတ်ရွေးချယ်ကာ ပြိုင်ပွဲတွင် အဆင့်မီအောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက အာဆီယံဆိုင်ရာဗဟုသုတများ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
Nov 07, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)၌ တည်ဆောက်လျက်ရှိသည့် ဆိပ်ခံဗောတံတား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။
Nov 07, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 07, 2022
လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။
Nov 07, 2022
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်စစ်ဆေးသည်။
Nov 07, 2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲကို ယမန်နေ့ညပိုင်းတွင် ဘားအံမြို့ ဒုံးယိမ်းကွင်း၌ စတင်ကျင်းပသည်။
Nov 07, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်စေရေး အလေးထားပြုစုပျိုးထောင်ပေးသွားရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားပြီး ရုံးဝင်းအတွင်းကြည့်ရှုစစ်ဆေးသည်။
Nov 07, 2022
နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ရုရှား - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University ၌ နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးပွဲအစီအစဉ်သို့ တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်ငါးဦးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ် အမှတ်၊ 8M-333 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာသည်။
Nov 07, 2022
ယနေ့ကျရောက်သည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
Nov 07, 2022
မြန်မာနိုင်ငံသည် ကုသိုလ်ကောင်းမှုများထုံမွမ်းနေသောနိုင်ငံဖြစ်သည်။ ရတနာသုံးပါးကိုရည်မှန်း၍ နေ့ကြီးရက်ကြီးများတွင်သာမက လပြည့်လကွယ်ရောက်တိုင်း ကောင်းမှုကုသိုလ်များပြုလုပ်လေ့ရှိသည်။ ဝါတွင်းကာလသုံးလပတ်လုံး ကုသိုလ်ကောင်းမှုများအဆက်မပြတ်ရှိပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်လေ့ရှိသည်။
Nov 07, 2022
တန်ဆောင်မုန်းလသည် မိုးလေကင်းစင်၍ ရာသီဥတုသာယာကြည်လင်ကာ ညဉ့်ကောင်းကင်ယံတွင် နက္ခတ်ကြယ်တာရာတို့ စုံလင်စွာထွန်းပအေးမြလျက် စိတ်နှလုံးမွေ့လျော်ဖွယ်ရာအခါသမယဖြစ်သည်။ မင်းစည်းစိမ်ကိုရယူလိုသောလောဘကြောင့် ဖခင်ကိုသတ်ခဲ့သည့် အပြစ်ကြီးကိုကျူးလွန်ခဲ့မိပြီး ထိုအပြစ်၏ ခြောက်လှန့်မှုကြောင့် စိတ်နှလုံးပူလောင်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့ကို ခံစားနေရသော အဇာတသတ်မင်းအား မြတ်စွာဘုရားက သာမညဖလ(ရဟန်းပြုခြင်း၏အကျိုး) တရားတော်ကို သာယာလှပသည့် တန်ဆောင်မုန်းလပြည့်ညတွင် ဟောကြားတော်မူခဲ့သည်။
Nov 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ သျှရီမဟာလက်ချ်မီး မယ်တော်ကြီးဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံးပွဲတော်တစ်ခုဖြစ်သော ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်သည်။
Nov 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Nov 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ယနေ့နံနက် ၇ နာရီခွဲတွင် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ ကျင်းပသည့် သံလွင်မြစ်အတွင်း ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားသို့တက်ရောက်၍ ငါးမျိုးများစိုက်ထည့်ပေးကြသည်။