Nov 05, 2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်အားကစားကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါဘောလုံးကွင်း၌ ကျင်းပသည်။
Nov 05, 2022
ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၊ ဘိုရေးအန်ကောဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
Nov 05, 2022
နိုင်ငံတော်အစိုးရ၏ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် တန်ဆောင်တိုင်ကာလနှင့် တိုက်ဆိုင်ကာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။
Nov 05, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Nov 05, 2022
၂၀၂၂ ခုနှစ် ပွင့်လင်းရာသီ ခရီးသွားရာသီသို့ စတင်ဝင်ရောက်လာချိန်၌ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ ခရီးသွားများအနေဖြင့် ပြင်ဦးလွင်နှင့် လားရှိုးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အပါအဝင် ဘုရားဖူးခရီးစဉ်၊ အပန်းဖြေခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင် နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ သိရသည်။
Nov 05, 2022
၂၀၂၂ ခုနှစ် (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ယနေ့ညနေပိုင်း၌ ပြင်ဦးလွင် မြို့ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ် ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
Nov 05, 2022
ကျောင်းသားလူငယ်များ သတင်းအမှား သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အနာဂတ်ကာလအတွက် ထူးချွန်သောမျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးနှင့် နိုင်ငံချစ်စိတ်မြင့်မားရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲများကို အ.ထ.က (၁) သာကေတတွင် ၁-၁၁-၂၀၂၂ နေ့၌လည်းကောင်း၊ အ.ထ.က(၂) သာကေတတွင် ၂-၁၁-၂၀၂၂ နေ့၌လည်းကောင်း၊ အ.ထ.က (၃) သာကေတတွင် ၃-၁၁-၂၀၂၂ နေ့၌လည်းကောင်း ကျင်းပ သည်။
Nov 05, 2022
မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စက်မှုထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးတို့အတွက် စက်မှုဝန်ကြီးဌာနတွင် စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းဖွင့်လှစ်၍ စက်မှုဘာသာရပ်နှင့်သက်ဆိုင်သည့် ပညာရပ်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ အမှတ် (၃)စက်မှုသင်တန်းကျောင်း(သာဂရ)၏ စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုဇုန်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Nov 05, 2022
နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ အောင်မြင်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များရွေးချယ်၍ စနစ်တကျစိုက်ပျိုးရေး၊ စိုက်ပျိုးရေရရှိရေး ကြိုးပမ်းဆောင်ရွက်၍ နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Nov 05, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဦးစီးမှူးရုံးသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး အိမ်ထောင်စု ၁၀၀၀ စာ သိုလှောင်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း စနစ်တကျစာရင်းထားရှိဆောင်ရွက်ရန်နှင့် Inventory Management Software ကို လက်တွေ့အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
Nov 05, 2022
၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ (၁၈-၁၁-၂၀၂၂) ရက် အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
Nov 05, 2022
A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း
Nov 05, 2022
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် နိုင်ငံတိုးတက်လာမှုနှင့်အတူ ငွေကြေးသုံးစွဲမှုအပိုင်းတွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်လာသည်။ သို့သော် ဘဏ်စနစ်ကိုအခြေခံသည့် ငွေကြေးလှည့်ပတ်သုံးစွဲမှုအပိုင်းတွင် နိုင်ငံတစ်ဝန်း၌ လုံခြုံစိတ်ချမှု၊ စနစ်တကျဆောင်ရွက်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုများ၌ လိုအပ်ချက်များ ရှိနေသေးသည်။ ခိုင်မာအားကောင်းသည့် ဘဏ်စနစ်သည် ပြည်သူများ ငွေကြေးလှည့်ပတ် သုံးစွဲမှုအပိုင်း၌ လုံခြုံစိတ်ချမှုရှိပြီး လွယ်ကူအဆင်ပြေ လျင်မြန်ချောမွေ့စေသည်။
Nov 05, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့်တကွ ပိဋကတ်သုံးပုံကျောက်စာရုံ ဓမ္မစေတီတော်များ၊ မုစလိန္ဒအိုင်၊ သုဓမ္မာဇရပ်များ၊ သာသနာ့ဗိမာန်တော်ကြီး စသည့်သာသနိက အဆောက်အအုံများစွာပါဝင်သည့် ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခုကို တည်ဆောက်လျက်ရှိသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်တည်ထားမှုလုပ်ငန်းများ ပြီးစီးသည့်အခါ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည်ဖြစ်ရာ နိုင်ငံတော်၏ကျက်သရေဆောင်၊ နေပြည်တော်မြို့တော်၏ ကျက်သရေဆောင် သာသနိကနယ်မြေကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။
Nov 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
Nov 04, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနောက်မြောက်ဘက်(၁၇)မိုင် ခန့်အကွာ နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလျာထားမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ထားဝယ်မြို့၊ မြို့နယ်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
Nov 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။