Nov 03, 2022
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှထွက်ခွာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း၊ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Nov 03, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Nov 03, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 03, 2022
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ကာကွယ်တားဆီးရေး ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 03, 2022
တောင်ကြီးမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 03, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်(ရေ) ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သဲချောင်းကျေးရွာ ဒိုမယ်ကျွန်း သံကတော့အော်တောင်ဘက်ကမ်းခြေတွင် တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၂၈၇၄ တန်
Nov 03, 2022
အာဆီယံဒေသတွင်းနိုင်ငံများမှ ကလေးသူငယ်များအပေါ် အွန်လိုင်းအန္တရာယ်မှ အကာအကွယ်ပေးရေးဆိုင်ရာ အိုင်စီတီဖိုရမ် (2022 ASEAN ICT Forum on Child Online Protection) ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ လူငယ်များနှင့်အတူ Online ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
Nov 03, 2022
၁။ ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်အဖွဲ့ (Financial Action Task Force -FATF)၏ အစီရင်ခံစာအပေါ် လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်စနစ်ကိုအသုံးပြုပြီး ငွေပေးချေမှု စနစ်တကျရှိစေရေးအတွက်လည်းကောင်း နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်ပစ္စည်းများတင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပါသည်။
Nov 03, 2022
၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံ စာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ (ဗိုလ်ချုပ်ကြီးမဟာသရေစည်သူ စိုးဝင်း-ငြိမ်း) -ဒေါ်သန်းသန်းနွဲ့(မလေး-မုံရွာ) သားသမီးမြေးတစ်စုက
Nov 03, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် အကျိုးတူလယ်ယာ Contract Farming စနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းတွင် လုပ်ငန်းစဉ်အလိုက် ပေါင်းစပ်ဆောင်ရွက်ကြမည့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 03, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 03, 2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) ဝင်ခွင့်ရသူများစာရင်း သက်ဆိုင်ရာတက္ကသိုလ်များ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် ကြေညာမည်
Nov 03, 2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများအတွက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ ပထမနှစ်(ပထမနှစ်ဝက်)ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာမည်
Nov 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ်ပေးထားသည်။ အဆိုပါအမျိုးသားရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)တွင် ရှင်းလင်းပြောကြားခဲ့သည်။
Nov 03, 2022
တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးတို့မှာ တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ တရားဥပဒေစိုးမိုးလျှင် ရပ်ရွာအေးချမ်းသာယာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ပါက ရပ်ရွာပူမည်ဖြစ်သည်။ အများပြည်သူအကျိုးအတွက် ပြဋ္ဌာန်းထားသည့် တရားဥပဒေက လူ့ရပ်လူ့ရွာ၊ လူ့အဖွဲ့အစည်းတို့ကို တည်ငြိမ်အောင်၊ အေးချမ်းအောင် ထိန်းသိမ်းပေးထားခြင်းဖြစ်ရာ တရားဥပဒေစိုးမိုးမှုမပျက်ပြားစေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုသည်။
Nov 02, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Nov 02, 2022
(၂-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Nov 02, 2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 02, 2022
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ မြေ၊ အဆောက်အအုံ အတိုင်းအတာစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 02, 2022
တည်ဆောက်ရေးလုပ်ငန်းနှင့်အညီ ဂုဏ်ပြု ယာဉ်၏ ကိုယ်ထည်တည်ဆောက်မှုပိုင်းနှင့် မြန်မာမှု ရုပ်လုံးရုပ်ကြွများနှင့် အချောထည် တည်ဆောက်ခြင်း အပိုင်းနှစ်ပိုင်းခွဲထားပြီး ကိုယ်ထည်တည်ဆောက် မှုပိုင်းအနေဖြင့် ယာဉ်ပေါ်တွင် ပြသမည့်ပစ္စည်းများ၏ အလေးချိန်ကို ခံနိုင်အောင် တောင့်တင်းခိုင်မာရန် လိုကြောင်း၊ အသုံးပြုမည့်ပစ္စည်းများကို Steel Angle၊ C - Channel တို့နှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရန်တန်းများကို Aluminium Hollow သုံးပြီး အထပ်သားကပ်ခြင်းဖြင့် ကိုယ်ထည်အပိုင်းကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားသည်။