Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း    လျှပ်စစ်ဓာတ်အားဖြန့်ဖြူး    ပေးထားမှု၊    ဓာတ်အားခ    ကောက်ခံရရှိမှုနှင့်    ဘဏ္ဍာရေးဆိုင်ရာ    အလွဲသုံးစားမှုများ    မဖြစ်ပေါ်စေရေးတို့နှင့်    ပတ်သက်သည့်    လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်    ဇူလိုင်            ၁၅       

မန္တလေးတိုင်းဒေသကြီးအတွင်း    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊    ဓာတ်အားခ    ကောက်ခံ ရရှိမှုနှင့်    ဘဏ္ဍာရေးဆိုင်ရာ    အလွဲသုံးစားမှုများ    မဖြစ်ပေါ်စေရေးတို့နှင့်    ပတ်သက်သည့်    လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယနေ့   နံနက်ပိုင်းတွင်    မန္တလေးလျှပ်စစ်    ဓာတ်အားပေး    ရေးကော်ပိုရေးရှင်း    (ရုံးချုပ်)၊    အစည်းအဝေးခန်းမ၌    ကျင်းပသည်။   

အစည်းအဝေးသို့    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ    ခရိုင်/မြို့နယ်    လျှပ်စစ်မန်နေဂျာ/    လျှပ်စစ်    အင်ဂျင်နီယာများ၊    ဘဏ္ဍာရေးတာဝန်ခံများ    တက်ရောက်ကြသည်။

အစည်းအဝေးတွင်    မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း    ခေတ္တဥက္ကဋ္ဌနှင့်    အမှုဆောင်    အရာရှိချုပ်တို့က    မန္တလေးတိုင်းဒေသကြီးအတွင်း    လျှပ်စစ်ဓာတ်အားရရှိမှု၊    လျှပ်စစ်    ဓာတ်အားပျောက်ဆုံးမှုနှင့်    လျော့နည်းအောင်    ဆောင်ရွက်ထားမှု၊    ခရိုင်/မြို့နယ်များ    အတွင်း    လျှပ်စစ်ဓာတ်အား    ဖြန့်ဖြူးပေးထားမှု၊    ဓာတ်အားသုံးစွဲမှုနှင့်    ဓာတ်အားခွဲဝေမှုအခြေအနေတို့ကို    ရှင်းလင်းတင်ပြကြပြီး    ခရိုင်ဘဏ္ဍာရေး    တာဝန်ခံများက    ခရိုင်အလိုက်    မြို့နယ်လျှပ်စစ်မန်နေဂျာ    ရုံးများ၏    ဓာတ်အားရရှိ၊    ဖြန့်ဖြူးပေးထားမှုနှင့်    ဓာတ်အားခ    တောင်းခံ၊    ရရှိ၊    ကြွေးကျန်ဆိုင်ရာ    အချက်အလက်များနှင့်    ဓာတ်အားခ    ကြွေးကျန်များကို    ရာနှုန်းပြည့်ကောက်ခံရရှိရေး    ဆက်လက်    ဆောင်ရွက်သွားမည့်    အစီအမံများကို    ရှင်းလင်းတင်ပြကြသည်။   

တင်ပြချက်များအပေါ်    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦသောင်းဟန်က    ဓာတ်အားခငွေများသည်    နိုင်ငံတော်၏    ရန်ပုံငွေများဖြစ်၍    ဘဏ္ဍာရေး    စည်းမျဉ်းများအတိုင်း    လိုက်နာဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊    တာဝန်ရှိသူများအနေဖြင့်    အဆင့်ဆင့်    အမြဲမပြတ် စစ်ဆေး    ကြပ်မတ်နေရန်    လိုအပ်ကြောင်း၊    ကြွေးကျန်များကိုလည်း    ရာနှုန်းပြည့်ရရှိအောင်    ဆောင်ရွက်သွားကြရန်    လိုအပ်ကြောင်း၊    ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း    စိစစ်ခြိုးခြံချွေတာ၍    သုံးစွဲရန်လိုအပ်ကြောင်း၊    မိမိတို့ဝန်ကြီးဌာနသည်    ပြည်သူကို    ဝန်ဆောင်မှုပေးနေသော    ဌာနဖြစ်သည့်အတွက်    လုပ်ဆောင်မှုများတွင်    စိတ်စေတနာကောင်းနှင့်    ဆောင်ရွက်ကြရန်    လိုအပ်ကြောင်း၊    ဝန်ထမ်းများ၏    အခက်အခဲများကို    တာဝန်ရှိသူများက    အဆင့်ဆင့်ဖြေရှင်း    ဆောင်ရွက်ပေးရန်    လိုအပ်ကြောင်း    ပြောကြားသည်။   

ထို့နောက်    ပြည်ထောင်စုဝန်ကြီးသည်    လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်    ကွပ်ကဲရေး    ဦးစီးဌာန၊    တံခွန်တိုင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး    ဓာတ်အားခွဲရုံမှ    ဓာတ်အားလက်ခံ    ပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေကို    လှည့်လည်ကြည့်ရှု့စစ်ဆေးကာ    လိုအပ်သည်များ    မှာကြားပြီး    ဝန်ထမ်းများနှင့်    ရင်းရင်းနှီးနှီးတွေ့ဆုံ၍    ထောက်ပံ့ငွေများ    ပေးအပ်ခဲ့ကြောင်း    သတင်းရရှိသည်။

(သတင်းစဉ်)