နေပြည်တော် ဇူလိုင် ၁၄
မဲခေါင် - လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ဝင်များ၊ ကမ္ဘော ဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့ရှိ သက်ဆိုင်ရာ အသိပညာရှင် အဖွဲ့အစည်းများမှ ပါမောက္ခများနှင့် သုတေသီများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က အမှာစကား ပြောကြားသည်။
အမှာစကားပြောကြား
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင်းက မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ပြောကြားပြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။
ထို့နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှ အွန်လိုင်းလောင်းကစားမှု၊ လိမ်လည်မှုတို့ဖြင့် ဆက်စပ်နေသည့် လူကုန်ကူးမှု၊ ဆိုက်ဘာ မှုခင်း၊ စားနပ်ရိက္ခာလုံခြုံမှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး စသည့်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများနှင့် အစီအမံများ ပေါ်ထွက်လာရေးကိုရှေးရှု၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်