Skip to main content

Jun 01, 2025

​​​​​​​မကြာသေးမီက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၇၄၀၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးနေသူ ၆၇ ဦးရှိသည်။ တွက်ချက်မှုများအရ ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ကြီးမားလှသည်။ ပျက်စီးဆုံးရှုံးမှုကြီးမားသည့်အတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပမှအကူအညီများရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ချက်ချင်းအလျင်အမြန် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2025

​​​​​​​မနက်ဖြန် (ဇွန် ၂ ရက်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စ တင်ဖွင့်လှစ်တော့မည်။ သူငယ်တန်း (KG) မှသည် ဒွါဒသမတန်း (Grade 12) အထိ ကျောင်းသား ကျောင်းသူကလေးငယ်တို့ ကျောင်းတက်ကြရတော့မည်ဖြစ်သည်။ ပညာသင်ခြင်းသည် ဘဝခရီးအတွက် ဖြည့်ဆည်းကြရခြင်း ဖြစ်သည့်အလျောက် ကျောင်းနေလည်းပျော်၊ စာလည်းတော်ရန် ကျောင်းသား ကျောင်းသူအားလုံး အားထုတ်ကြိုးပမ်းကြရမည် ဖြစ်သလို မိဘ၊ အုပ်ထိန်းသူတို့က ပံ့ပိုး၍ ဆရာ၊ ဆရာမများက သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်သည်။ မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်မှုကောင်းသည်နှင့်အမျှ ကလေးတို့ပညာရေးတွင် ကောင်းမွန်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2025

လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉ သိန်းနှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီးအတွင်း၌ မြေငလျင်ဒဏ်ခံရသည့်ဌာနမှ ဝန်ထမ်းများယာယီနေထိုင်မှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2025

ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သောလူနေမှုဘဝရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2025

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း (မန္တလေး) ဒသမအကြိမ်မြောက် ဘက်စုံ သားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၃၀ ရက်အထိ သေဆုံးသူ ၃၇၄၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၇ ဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2025

တပ်ကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း သားတောင်သူများ၏ မိုးဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မိုးဝါ၊ မိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် ဒဟတ်ကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2025

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၅) ကြိမ်မြောက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌ကျင်းပရာ ပြည်ထောင်စုရာထူး ဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်