Jul 31, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 31, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 31, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစသည်။
Jul 31, 2025
PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအတွင်း ဒေသခံပြည်သူများအသွင်ဖြင့် စိမ့်ဝင်ဝင်ရောက်လာကာ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ပြည်သူလူထု၏ တိုက်တာအိုးအိမ်များကို မိုင်းထောင်ဖောက်ခွဲခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
Jul 31, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၈ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jul 31, 2025
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
Jul 31, 2025
မန္တလေးငလျင်ကြီး ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၊ အဖွဲ့အစည်းများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် Wowtiger New Energy ကုမ္ပဏီက Portable Power Station အစုံ ၃၀ နှင့် Solar Energy Storage System ကိုးစုံတို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ ထစ်ဖဒုန်းဖောင်အုန်းသီးကုမ္ပဏီ (THEPPADUNGPORN COCO-NUT Co.,Ltd.)က အချိုရည်ဘူး ၁၅၀၀၀ နှင့် Sport Shirt ၁၀၀၄ ထည် တို့ကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ Mr. Lin Baoquan က ဂျပန်ယန်း နှစ်သိန်းကိုလည်း ကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ လာရောက်ပေးအပ်လှူဒါန်းသည်။
Jul 31, 2025
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကမ္ဘာ့အင်ဂျင် နီယာအဖွဲ့ချုပ်(WFEO)၏ အင်ဂျင်နီယာပညာရေးဆိုင်ရာ အမြဲတမ်းအင်ဂျင်နီယာအဖွဲ့ (CEIE)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အင်ဂျင်နီယာပညာရေး အရည်အသွေးအတည်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ ICEEA 2025 ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။
Jul 31, 2025
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့်အတူ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာ ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး အမှတ်(၅၅) ဧရိယာအတွင်းတွင် တည်ဆောက်ပြီးစီးသည့် Bashar လိုင်းခန်း ၁၆ လုံး၊ Container House နှစ်ခန်းတွဲ ၃၇ လုံးနှင့် Container Singal ၅၉ လုံးတို့တွင် ဝန်ထမ်းများ စနစ်တကျပြောင်းရွှေ့ နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jul 31, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ဆောင်ရွက်မည့် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 31, 2025
မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ဖွဲ့စည်းရန်ရည်ရွယ်၍ မေ ၁၂ ရက်မှ ဩဂုတ် ၁ ရက်အထိရက်သတ္တ ၁၂ ပတ်ကြာ စုဖွဲ့လေ့ကျင့်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ တို့သည် ယမန်နေ့က ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကယ်ဆယ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားကာ ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
Jul 31, 2025
ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများသည် မွေးရာပါ နှလုံးရောဂါများကို ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သော ခက်ခဲသည့် ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ရန်မလိုဘဲ နှလုံးနှင့်သွေးကြောအထူး ကုသစက် (Cardiac Catheteri-zation Lab) အသုံးပြု၍ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်သူ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများ၊ အထူးကုအဖွဲ့များနှင့် ပူးပေါင်း၍ ကုသမှုများဆောင်ရွက်လျက်ရှိသည်။
Jul 31, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Yasumasa Kimura က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့မွန်းလွဲ ၂ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်သည်။
Jul 31, 2025
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jul 31, 2025
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။
Jul 31, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် Container House များတွင် ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 31, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jul 31, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့က ဥပဒေအမှတ် ၄၈/၂၀၂၅ ဖြင့် ပြဋ္ဌာန်းလိုက်သည်။
Jul 31, 2025
၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးမှာ အချိုးအကွေ့တစ်ခုသို့ ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန်က နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခါစ ကမ္ဘာ့နိုင်ငံများစွာတို့မှာ အရင်းရှင်တို့၏ ကိုလိုနီစနစ်အပေါ် နာကြည်းမှုများဖြင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်စသော လက်ဝဲအယူအဆများအပေါ် တိမ်းညွှတ်ခဲ့ကြသည်။ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံများ ထူထောင်ခဲ့ကြသည်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံအဖြစ် မျှော်မှန်းခဲ့သော်လည်း သမိုင်းရေးအခြေအနေများအရ ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင်မှ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်သည်။
