Skip to main content

အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သုံးထပ်ဆောင် အလယ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဤသင်တန်းသည် ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ခရိုင်ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိ အဆင့် ၁ နှင့် ၂ များကို ဥပဒေများစိစစ်အကြံပြုခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့်အမှုလိုက်ပါဆောင်ရွက်ခြင်းနှင့် စာချုပ်စာတမ်းများစိစစ်ခြင်း စသည့်လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေး ပိုမိုတိုးတက်မြင့်မားစွာ ထမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

သင်ကြားပို့ချ

သင်တန်းတွင် Legal English ဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဘာသာရပ်အဖြစ် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ တစ်ဆင့်ခံဥပဒေမူကြမ်းရေးဆွဲခြင်းဆိုင်ရာကိစ္စများကိုလည်းကောင်း၊ ဥပဒေအကြံဉာဏ်ပေးရေးဘာသာရပ်အဖြစ် ပဋိညာဉ်ဥပဒေအကြောင်းသိကောင်းစရာ၊ မြေနှင့် အဆောက်အအုံငှားရမ်းခြင်းစာချုပ်၊ Force-Majeure၊ Termination Agreement ၊ Amendment Agreement ၊ Dispute Settlement ၊ Deed of Assignment၊ B.O.T ၊ နိုင်ငံပိုင်မြေများစီမံခန့်ခွဲခြင်းနှင့် တရားမဝင်ကျူးကျော်နေထိုင်မှုများဆိုင်ရာ မြေယာပြဿနာများ၊ ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်စပ်လျဉ်းသည့် သိကောင်းစရာကိစ္စများကိုလည်းကောင်း၊ တရားစွဲနှင့်အမှုလိုက်ဘာသာရပ်အဖြစ် ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း၊ လျှောက်လဲချက်ပေးခြင်း၊ အယူခံမှု/ပြင်ဆင်မှု၊ တရားမမှုဆိုင်ရာကိစ္စများ ကိုလည်းကောင်း၊ စီမံရေးရာဘာသာရပ်အဖြစ် နိုင်ငံ့ဝန်ထမ်းဥပဒေ/ နည်းဥပဒေများ၊ ရုံးစစ်ဆေးခြင်း၊ စီမံရေးရာညွှန်ကြားချက်များ၊ ရသုံးမှန်းခြေငွေစာရင်း ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကိုလည်းကောင်း သင်ကြားပို့ချမည်ဖြစ်ပါကြောင်း။

ကြိုးစားလေ့လာသင်ယူ

သင်တန်းတွင် အုပ်စုလိုက် သုတေသနစာတမ်းပြုစုတင်သွင်း၍ စာတမ်းဖတ်ကြားခြင်း၊ ယင်းစာတမ်းအပေါ်ဆွေးနွေးခြင်းများ၊ ဘာသာရပ်ဆိုင်ရာ စာမေးပွဲများကျင်းပမည်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုရမှတ်များဖြင့်ပေါင်းကာ စုစုပေါင်းရမှတ် အများ/အနည်းအလိုက်စီကာ ပထမ၊ ဒုတိယနှင့် တတိယဆုများကိုလည်း ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်မှု ၇၅ ရာခိုင်နှုန်းပြည့်စုံသူ သင်တန်းသားများကိုလည်း အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်မည်ဖြစ်ပါကြောင်း၊ သင်တန်းပို့ချမည့် ဆရာများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အချိန်မဖြုန်းဘဲ ရသင့်ရထိုက်သည့် ဗဟုသုတများရယူသွားရန် ကြိုးစားလေ့လာသင်ယူသွားရန် မှာကြားလိုကြောင်း ပြောကြားသည်။

လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်မည်

သင်တန်းကာလမှာ ၂၂ ရက်ဖြစ်ပြီး သင်တန်းသား ၃၀ တက်ရောက်၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဝန်ကြီးဌာနများက လက်မှတ်ရေးထိုးဆောင်ရွက်လေ့ရှိကြသည့် MOU၊ MOA များကို ဥပဒေကြောင်းအရစိစစ်ခြင်းအား လက်တွေ့လေ့ကျင့်ခန်းများ၊ ဥပဒေမူကြမ်းစိစစ်ခြင်း လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်