Skip to main content

“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော် စက်တင်ဘာ ၁၈

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသောလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်အားပေးများအား ထိရောက်စွာ ဖော်ထုတ်‌အရေးယူနိုင်မှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့မွန်းလွဲ ၁ နာရီတွင် “ကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ဖျက်ဆီး၍ ကုန်ပစ္စည်းရှားပါးပြတ်လပ်ကာ ပြည်သူတွေစားဝတ်နေရေးခက်ခဲအောင် ပြုလုပ်နေတဲ့ NUG နဲ့ PDF အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေး ထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်