Skip to main content

Apr 17, 2023

​​​​​​​မြန်မာနှစ်သစ်ကူးပြောင်းသည့် သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီးနောက် နှစ်သစ်၏ အစအဦးနေ့ဖြစ်သော နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ ကုသိုလ်ကောင်းမှု အထူးပြုလုပ်ရာ နေ့ထူးနေ့မြတ်ဖြစ်သည်။ မိမိတို့နေထိုင်ရာဒေသများအလိုက် ဘုရားကျောင်းကန် ဇရပ်များတွင် ရှင်းလင်းခြင်း၊ ဘုရားစေတီများကို ရေသပ္ပာယ်ခြင်း၊ ထုံးသင်္ကန်းရွှေသင်္ကန်းများ ကပ်လှူခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ သက်ကြီးဘိုးဘွားများကို ဦးခေါင်းဆေးလျှော်ခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းနှင့် ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါနအဖြစ် သားငှက်တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာကျွေးမွေးပေးလှူခြင်း စသည့်ကုသိုလ်ကောင်းမှုတို့ကို နှစ်သစ်အစ နှစ်ဆန်းတစ်ရက် အခါသမယတွင် အထူးတလည်ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

၁။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ၁၅.၄.၂၀၂၃ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များအပါအဝင် ပြည်သူများရေကစားနေစဉ် အကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb တစ်လုံးပစ်ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူအမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ ပြည်နယ်အစိုးရအဖွဲ့ရုံးမဏ္ဍပ်တွင် ကလေးသူငယ်များအပါအဝင် ပြည်သူများရေကစားနေစဉ် Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သော PDF အဖွဲ့အစည်း၏ ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်ကို ကြားသိခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ကလေးသူငယ်များအပါအဝင် ပြည်သူများ ပျော်ရွှင်စွာရေကစားနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

၁။ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ၁၅.၄.၂၀၂၃ ရက်နေ့တွင် ကယား ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များ အပါ အဝင် ပြည်သူများရေကစားနေစဉ် အကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb တစ်လုံးပစ်ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူအမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

၁၃၈၄ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအနက် ဒဏ်ရာရရှိသူအချို့ကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးမှ အမှတ်(၂)တပ်မတော် ဆေးရုံ(ကုတင် ၁၀၀၀)နေပြည်တော်သို့ လွှဲပြောင်းပို့ဆောင်၍  ဆေးကုသမှုခံယူလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

မြန်မာသက္ကရာဇ်(၁၃၈၄-၁၃၈၅)ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ မန္တလေးတပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန် အကြတ်နေ့ နံနက်ပိုင်းတွင် ကလေးသူငယ်များအပါအဝင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေစဉ် အကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၅-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၉၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၆)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန်(အကြတ်နေ့)တွင် မန္တလေးမြို့တွင်းရှိ သင်္ကြန်မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပရာ နေရာများနှင့် တောင်သမန်အင်း ဦးပိန်တံတား အပန်းဖြေနေရာများတွင် သင်္ကြန်ချစ်သူ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ 

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင်သင်္ကြန်ပွဲတော်ကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲ သူများဖြင့် စည်ကားသိုက်မြိုက် စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ယနေ့မဟာသင်္ကြန် အကြတ်နေ့၌ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် မိသားစုဝင်များ၊ ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လာရောက်ဆင်နွှဲကြရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump က မြနန္ဒာသီချင်းသီဆိုပြီး မြန်မာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ဂုဏ်ပြုဆင်နွှဲခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

၁။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များအပါအဝင် ပြည်သူများ ရေကစားနေစဉ် နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb တစ်လုံး ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

​​​​​​​မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးငယ်များ အပါအဝင် ပြည်သူများ ရေကစားနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

၁။ ဧပြီလ (၁၅) ရက်နေ့ နံနက် (၉)နာရီ (၃၀) မိနစ်ခန့်က ကယားပြည်နယ် ဗဟိုမဏ္ဍပ်အား မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် PDF အမည်ခံ အကြမ်းဖက် သမားများက Drop Bomb တစ်လုံးအသုံးပြုကာ ယုတ်မာရက်စက်စွာ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူအများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်းထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေ ချောမွေ့စွာစီးဆင်းနိုင်ရေး စသည့်ရည်မှန်းချက် တာဝန်များချမှတ်၍ ရထားကွန်ရက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် ၁၈ စင်း၊ စာပို့ရထား ခရီးစဉ် ၁၂ စင်း၊ လူစီးကုန်တင်ရထားခရီးစဉ် ရှစ်စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် အစင်း ၃၀ စုစုပေါင်းရထားခရီးစဉ် ၆၈ စင်းတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်