Skip to main content

Apr 16, 2023

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ယနေ့နံနက်ပိုင်းတွင် မဟာသင်္ကြန်အကြတ်နေ့ကို ကလေးသူငယ်များအပါအဝင် ပြည်သူများ ပျော်ရွှင်စွာရေကစားနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေးစခန်းတို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအသီးသီးမှ စတုဒိသာ ကျွေးမွေးသည့် မြန်မာ့ရိုးရာအစားအစာများကို စားသောက်ပြီး လမ်းလျှောက်သင်္ကြန် (အကြတ် နေ့)ကို ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ယနေ့သင်္ကြန်အကြတ်နေ့တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အတာသင်္ကြန်ရေကစားမဏ္ဍပ်သို့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများလာရောက်၍ အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ သံတမန် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သံတမန်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ခြံဝင်းရှိ မြက်ခင်းပြင်၌ ကျင်းပသည်၊၊

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

ယနေ့သည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကြတ်နေ့ဖြစ်ပြီး နိုင်ငံတစ်ဝန်း၌ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တာဝန်ရှိသူများလိုက်ပါ၍ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ မန္တလေးမြို့သူမြို့သားများ၊ ဝန်ကြီးဌာနများ၊ အတာသင်္ကြန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့်စတုဒိသာ ဧည့်ခံရေးမဏ္ဍပ်များသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ မြို့သူမြို့သားများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

မြန်မာသက္ကရာဇ် (၁၃၈၄-၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကြတ်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှသည် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြတ်နေ့ဖြစ်သော ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန်ရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင် ဆင်နွှဲလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2023

​​​​​​​နှစ်ဟောင်းတစ်ခုကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးပွဲတော်များ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရိုးရာ ဓလေ့အလိုက် ပျော်ပျော်ရွှင်ရွှင်၊ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြစမြဲဖြစ်သည်။ တစ်နှစ်တွင် တစ်ခါသာ ကျင်းပရသည့် နှစ်သစ်ကူး ပွဲတော်များက လူတို့၏စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေသည်။ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပြီးနှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုကူးပြောင်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၄-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၈၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၈)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၁) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

နိုင်ငံတစ်ဝန်း အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်သည် ယနေ့ဆိုလျှင် သင်္ကြန်အကျနေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပူပြင်းလှသည့် နွေနေပူတွင် ကျင်းပရသည့် ပွဲတော်ဖြစ်သော်လည်း အတာရေချမ်းကြောင့် ပြည်သူတို့၏ ကိုယ်စိတ်နှလုံးအား အေးချမ်းစေခဲ့လေပြီ။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

​​​​​​​မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အကျနေ့ (ဧပြီ ၁၄ ရက်) တွင် မြို့နယ် အသီးသီး၌ ပြည်သူများက ရေကစားမဏ္ဍပ်များဆောက်လုပ်၍ ပျော်ရွှင်စွဦ ရေကစားနေကြပုံများနှင့် စတုဒိသာမဏ္ဍပ်များဖွင့်၍ စတုဒိသာ ကျွေးမွေးလှူဒါန်းနေကြပုံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ဖြစ်ပြီး မြန်မာပြည် တစ်ဝန်းလုံး၌ အတာရေပက်ဖျန်း ကစားကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိရာ နေပြည်တော်မြို့တော်သူ မြို့တော်သားများသည်လည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီ တော် အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာ၌ ကျင်းပသည်၊၊

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့၌ မန္တလေးမြို့သူမြို့သားများနှင့် ဝန်ကြီးဌာနများ၏ အတာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် စတုဒိသာဧည့်ခံရေးမဏ္ဍပ်များသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ အတူတကွပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့(အကျနေ့) နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား နေပြည်တော် ဘူတာကြီးဝင်းအတွင်းရှိ မြန်မာ့ရိုးရာ အတာသင်္ကြန်ရေကစားမဏ္ဍပ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အကြီးအကဲများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် နေပြည်တော်နယ်မြေအတွင်းရှိ ပြည်သူ များ လာရောက်၍ ယဉ်ကျေးပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများမှ ယိမ်းအဖွဲ့များနှင့် အနုပညာရှင်များက ဖျော်ဖြေခဲ့ကြကြောင်းနှင့် ရေကစားမဏ္ဍပ်အား နေ့စဉ်နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိနှင့် မွန်းလွဲ ၃ နာရီ မှ ညနေ ၆ နာရီခွဲအထိ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ရိုးရာအစဉ် အလာမပျက် မြန်မာနှစ်သစ်တွင် စိတ်ခွန်အားသစ်များ ရရှိစေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ အကြိုနေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့အကျနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ရုံးအမှတ်(၄၂)ဝန်ကြီးဌာနရေကစားမဏ္ဍပ်၌ ပျော်ပွဲရွှင်ပွဲများနှင့်စတုဒိသာ ကျွေးမွေးဧည့်ခံခြင်း အစီအစဉ်များကို ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက်ဆရာတော်ကြီးသည် ထိုင်းနိုင်ငံဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် မန္တလေးမြို့သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ကြွရောက်လာရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့်အတူ အထူးကုဆရာဝန်ကြီးများ၊ ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယိကာမများနှင့် ဆွေတော်မျိုးတော်များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2023

​​​​​​​စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အနီးတွင် PDF အကြမ်းဖက်ဌာနချုပ် NUG ရုံးဖွင့်ပွဲကျင်းပရာနေရာကို တပ်မတော်က လေကြောင်းအကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းမှု ဆောင်ရွက်ခဲ့သည့်သတင်းကို ခိုင်လုံသော အချက်အလက် သက်သေအထောက်အထားများ ပြည့်စုံစွာဖြင့် ပြည်တွင်းရှိ မီဒီယာများမှ စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိသည်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUG နှင့် ၎င်း၏လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့အထိနာခဲ့သည့် ပဇီကြီးဖြစ်စဉ်ကို နိုင်ငံရေးအမြတ်ထုတ်နိုင် ရန်အတွက် ဖန်တီးနေသကဲ့သို့ပင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံအချို့တို့ကလည်း တရားဝင်ထုတ်ပြန်သည့် ဖြစ်စဉ်အမှန်ကို လျစ်လျူရှု၍ ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်