Skip to main content

May 27, 2023

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေရာအသီးသီးသို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏

ဆက်လက်ဖတ်ရှုရန်

May 27, 2023

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၆-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၄၂၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၉၈)ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့မှစတင်ပြီး စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံမှုအခြေအနေများကို ကျွန်မတို့သတင်းအဖွဲ့မှ ကရင်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ ပြည်နယ်ပညာရေးမှူးအား  သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုပါသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ အားစုဖွဲ့စေလွှတ်၍လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့်စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

“ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိရာဒုတိယ မြောက်နေ့အစီအစဉ်အနေဖြင့် မြန်မာ - တရုတ် စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနားတို့ကို ယနေ့ နံနက် ၉ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ရှိ Plenary Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီက ရခိုင်ပြည်နယ်စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးသွားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံး စစ်တွေခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များ၌ တာဝန် ထမ်းဆောင်လျက်ရှိကြသော နေပြည်တော်ရှစ်မြို့နယ်အတွင်းမှ နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးကျောင်းသား ကျောင်းသူများအတွက်ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းသားမိဘ အရာထမ်းအမှုထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

မူလမြိုင်ကြီးငူ ဆရာတော်ကြီးအားရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တဉာဏိက အမှူးပြုသော ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက် လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၁၄) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးတို့နှင့်စပ်လျဉ်း၍ ယမန်နေ့ကမဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်တို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး) များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့်ကာကွယ်ဆေးထိုးအပ်တစ်သန်းတို့သည် ယနေ့နံနက် ၇နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ခရီးစဉ် အမှတ် KR3763 အထူးလေယာဉ်ဖြင့်ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိအရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P Bandara ကို ယနေ့နံနက် ၁၁နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

သစ်တောပညာ နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သော နိုင်ငံများတွင်ပါဝင်သည်။ နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်ကို အနည်းနှင့်အများကြုံတွေ့ရလေ့ရှိသည်။ နွေအကုန်မိုးကာလအကူး ရာသီအပြောင်းအလဲ မေလ၌ အလွန့်အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” ကို ကြုံတွေ့ခဲ့ရသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့် ဤအချိန်ကာလမျိုးတွင် အလားတူနာဂစ်မုန်တိုင်းနှင့် ကြုံတွေ့ခဲ့ဖူးသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2023

အဆောင်ဘာလုပ်တုံးလို့ မေးတယ်၊ အဲဒီတော့ ဘုန်းဘုန်းကတရားဂုဏ်တော် ပုတီးစိပ်တဲ့အကြောင်း၊ ပြီးတော့ကျ ဂုဏ်တော်တွေပွားတဲ့အကြောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းပဲ တပည့်တော် ရှိခိုးပါ၏။ ပဉ္စသတသဟဿာနိ၊ ပဉ္စကငါး၊ သတကတစ်ရာ၊ ငါးသတ။ သဟဿာက တစ်ထောင်၊ ငါးရာနဲ့တစ်ထောင်နဲ့မြှောက် ငါးသိန်း။ အဲဒီတော့ ပဉ္စသတသဟဿာနိငါးသိန်းသော ဘုရားရှင်တို့ကိုလည်းတပည့်တော်ရှိခိုးပါ၏။ ပေါင်းလိုက်တော့ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော်ရှိခိုးပါ၏။ ဘုရားငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကိုရှိခိုးတဲ့ဂါထာ၊ အဲဒါ ဆရာတော်ကြီးက ပြောတယ်။ သူက ငယ်ငယ်လေးကတည်းက၊ သူ ခုနစ်နှစ်သား အရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ် ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှမိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့အကြောင်း၊ အဲဒါဘယ်တုန်းက စခဲ့တာတုံး ဆိုတော့လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းက ဘုရင်ကြီး တစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနစ်ဆင့်ရှိတဲ့ပြာသာဒ်၊ ခုနစ်ထပ်တိုက်ကြီးနဲ့နေတယ်၊ ပြာသာဒ်ဘေးဘက်များဆီကို လှည့်ပတ်ကြည့်တော့ ညနေ ၄ နာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။

ဆက်လက်ဖတ်ရှုရန်