Skip to main content

အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

နေပြည်တော် စက်တင်ဘာ ၂၆

အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နေ ဒေါ်စန္ဒာဝင်းနှင့် ဒေါ်တင်ရီတို့က ရန်ကင်းမြို့နယ်နေ မ ---၊ ၂၂/၂၀၂၀ နှစ်အား တရုတ်နိုင်ငံရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်ပါက စီးပွားရေး အဆင်ပြေသည်ဟု ပြောဆိုစည်းရုံးကာ တရုတ်အမျိုးသားထံ ယွမ်ငွေ ၁၁၀၀၀၀ ဖြင့် ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၁၂၇၉/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်၍ ဒဂုံမြို့သစ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် တရားခံ‌ဒေါ်စန္ဒာဝင်းနှင့် ဒေါ်တင်ရီတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်