Skip to main content

Aug 02, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ကျေးရွာလေးရွာ စိမ့်စမ်းရေသွယ်ယူ ခြင်း (၉/၀)မိုင် လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်မွေတောင်စခန်းမြို့ လွိုင်မွေရေကန်ကြီးအနီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မြသလ္လာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် Naypyitaw State Polytechnic University ၌ ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ စာပေပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါရုံး ယာယီဝန်ထမ်း အိမ်ရာ(၁)၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

ချမ်းမြသာစည် မြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနတာဝန်ခံများ၊ အရာထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အတွက် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် ဆရာဝန်(သစ်လွင်)များကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ယာယီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

၁။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဆက်လက်ခန့်အပ် တာဝန်ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်း တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၀ တွင် ပြဋ္ဌာန်း ထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2025

နိုင်ငံ့စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ်ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် မှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသ၏ အဓိက စီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက် မြင့်မားရန်အရေးကြီးသည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ရန် ရေ၊ မြေ၊ ရာသီဥတုစသော အခြေခံကောင်းများရှိပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေကို ကောင်းစွာပြုပြင်ပြီး လိုအပ်သည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ အပြည့်အဝ အသုံးပြုခြင်း၊ စိုက်ပျိုးရေကို သီးနှံ၏လိုအပ်ချက်နှင့်အညီပေးဝေခြင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများအစား ခေတ်မီနည်းစနစ်များကို အသုံးပြုခြင်းဖြင့် သီးနှံများအထွက် တိုးလာမည်ဖြစ်ရာ တောင်သူများလည်း ဝင်ငွေတိုးပွားကြမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် သီးနှံများအလိုက် သတ်မှတ်ပေးထားသော ပန်းတိုင်အထွက်နှုန်းများအတိုင်းထွက်ရှိအောင် မစိုက်ပျိုးနိုင်ခြင်းကြောင့် ရသင့်ရထိုက်သည့် ဝင်ငွေများမရရှိဘဲ ငွေကျပ်ဘီလီယံနှင့်ချီ၍ ထိခိုက်နစ်နာဆုံးရှုံးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက လုပ်ငန်းများလုပ်ကိုင်နေကြသည့် ပြည်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်ရာ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဟူ၍ နှိုးဆော်တိုက်တွန်းထားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2025

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2025

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်