Skip to main content

Jun 03, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ဇွန် ၂ ရက်တွင် ၆၃ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကော်မရှင်ရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ပေးအပ်ပွဲနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

Naypyitaw State Academy ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယပညာသင်ကာလသင်တန်းများ အားလုံးကို ယနေ့တွင်စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်၍ ပညာသင်ကြားလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့တွင် စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ သတ်မှတ်အချိန်ဇယားများအတိုင်း ပြဋ္ဌာန်းဘာသာရပ်များကို သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်းများ၏ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း)များကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းစဖွင့်သည့်ရက်မှာပင် ဆရာ ဆရာမများကလည်း အင်ပြည့်အားပြည့်ဖြင့် စာသင်ရန်အသင့်ဖြစ်နေသလို ကျောင်းသား ကျောင်းသူများကလည်း မိုးထဲလေထဲမှာပင် အားအင်အပြည့်ဖြင့် ကျောင်းတက်ရောက်ကြသည်ကို တွေ့မြင်ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအနက် အသက်(၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့နှင့်အတူ လက်ခံကျင်းပမည့် အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

Huawei Technologies (Yangon) Co.,Ltd က မန္တလေးငလျင်ဘေးဒဏ် သင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်