Dec 29, 2021
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကြေညာ
Dec 29, 2021
တက္ကသိုလ်နေ့သင်တန်းများ ၆-၁-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်
Dec 29, 2021
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများ အား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ပြည်သူ အပေါ် မဟုတ်မမှန် ဝါဒဖြန့် သွေးထိုးလှုံ့ဆော်နေသော ပြည်ဖျက်မီဒီယာများ” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဒီဇင်ဘာ ၁၄ ရက်၌ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် အား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် အင်္ဂါနေ့ မနက် ၁၀ နာရီအချိန်မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ် ရမည့်ဖုန်းနံပါတ် တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်း၊ ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားကြောင်း သိရသည်။
Dec 29, 2021
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံတပ်ရင်းရှိ မွေးမြူရေးလုပ်ငန်း များအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
Dec 29, 2021
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် လုပ်ငန်း ကဏ္ဍတစ်ခုဖြစ်သကဲ့သို့ တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Dec 29, 2021
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ထုတ် သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲယမ်းများနှင့် မြဝတီ-ရန်ကုန်ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများများ အများစုမှာ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် ပုန်းကွယ်နေထိုင်ကြသည် အကြမ်းဖက်သမားများအနေဖြင့် ၎င်းမြို့သစ်မှ တဆင့် မြို့ကြီးများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် နည်းမျိုးစုံဖြင့် သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းများပြုခဲ့ကြကြောင်း ဖမ်းဆီးရမိသူများ၏ ဖော်ထုတ် စစ်ဆေးချက်များအရ အဆိုပါဒေသအတွင်း ခိုအောင်းလျက်ရှိသော NUG နှင့် PDF အကြမ်းဖက်အဖွဲ့များကို လက်ခံခြင်း မပြုရန် သက်ဆိုင်ရာ
Dec 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
Dec 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ရေပြင်ပိုင်နက်သည် စတုရန်း မိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ကျော်ရှည်လျားသည့်အတွက် အပြောကျယ်လှသည့် ရေပိုင်နက်ကို ကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက်သယံဇာတအရင်းအမြစ်များ စောင့်ရှောက်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြုစီးပွားရေးလုပ်ငန်းများ (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော်လာမည့် ရေကြောင်းဆိုင်ရာခြိမ်းခြောက်မှု မှန်သမျှကို တွန်းလှန် ကာကွယ်ရေးသည် တပ်မတော် (ရေ)၏ အဓိကတာဝန် ဖြစ်ကြောင်း” (၇၄)နှစ်မြောက် တပ်မတော် (ရေ)နေ့ အထိမ်းအမှတ်စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
Dec 29, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် နေ့စဉ် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာချိန်တွင် အရှေ့အလယ်ပိုင်း ဒေသမှ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ဖြင့် ပြန်လာသူ မိမိနိုင်ငံသားလေးဦးထံ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။ အိမ်နီးချင်းနိုင်ငံများအပါအဝင်ဒေသတွင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ စသည့် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အိုမီခရွန် ကကူးစက်ပျံ့နှံ့လျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း ဝင်ရောက် လာနိုင် သည့်အခြေအနေအပေါ် မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုခဲ့ခြင်းကြောင့် ယခုကဲ့သို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခဲ့ခြင်းဖြစ်သည်။
Dec 28, 2021
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မီးလောင်ပျက်စီးစေရန် မီးရှို့ ဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိသည်။
Dec 28, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့သို့ သွားရောက်၍ မြို့နယ်ပြည်သူ့ ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ကို ကြည့်ရှု စစ်ဆေးသည်။
Dec 28, 2021
နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်စပါးဖူလုံရေး၊ ဒေသအတွင်း သီးနှံ ထုတ်လုပ်မှု မြင့်မားရေး နှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားဖွံ့ဖြိုးမှု တိုးတက်လာရေး အတွက် လယ်ယာမြေ များကို တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျန်းမာ ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Dec 28, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Dec 28, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းတို့မှ ကုမ္ပဏီ(၄)ခု၊ ယာဉ်စီးရေ(၁၅)စီးဖြင့် အောက်ဆီဂျင် Plant (၁)ခု၊ PPE ဝတ်စုံ(၅၀၀) နှင့် နှာခေါင်းစည်း (Mask) (၉၃)တန်တို့ကိုတင်သွင်းခဲ့ပြီး အောက်ဆီဂျင် Plant (၁)ခုမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်မှ မန္တလေးမြို့သို့ ဖြစ်ကြောင်း သိရသည်။
Dec 28, 2021
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Dec 28, 2021
အားကစားနှင့် ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ်များ၊ သင်တန်းသား များ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 28, 2021
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 28, 2021
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၆) တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်း တာဝန်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Dec 28, 2021
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield အမှတ်တံဆိပ် ကာကွယ်ဆေး doses ၁၃ ဒသမ ၄ သန်းအနက် ပထမ အသုတ်အဖြစ် ကာကွယ်ဆေး doses ၆ ဒသမ ၇ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ကရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။
Dec 28, 2021
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း (Toluene) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။