Skip to main content

Dec 27, 2021

နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ( ၁၂ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအနီးတွင် ဇော်ဝင်း(ခ) ဇော်ဝင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေ ၆ နာရီတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ ဟုမ္မလင်းလေဆိပ်အနီး တွင် အောင်ဆန်းဝင်း(ခ)အောင် ဆန်း၊ ဖိုးကြီး၊ စောမင်းတင်(ခ) အိုက်ပါး၊ သန်းဇော်တို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆၃ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၁၄၀၃ ကီလိုကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၂ နာရီခန့်တွင် မေယုကျွန်း၏ အရှေ့မြောက် ဘက် ရေမိုင် ၈ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်လှေ ၁ စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အရှေ့တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်လံဖမ်းဆီးခဲ့ရာ မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၉ ဒသမ ၅ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

တပ်မတော်(ရေ)လက်အောက်ခံ ဌာနချုပ်၊ တပ်၊ စခန်းနှင့် စစ်ရေယာဉ်စုများရှိ ခရစ်ယာန်ဘာသာဝင် စစ်သည်မိသားစုများ၏ နေအိမ်များသို့ ခရစ်စမတ်ကာလအတွင်း တပ်မတော်(ရေ)မှ အရာရှိကြီးများ က သွားရောက်၍ ခရစ်စမတ်နေ့အထိမ်းအမှတ် ကိတ်မုန့်နှင့်လက်ဆောင်များ ပေးအပ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အခက်အခဲများမေးမြန်းပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၂၆ ရက်က ပဲခူးမြို့ကို တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ်နှင့်အညီ လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး၊ အငယ်တန်းအင်ဂျင်နီယာ (၂)၊ ပုံဆွဲ (၂) နှင့် စာရင်းကိုင် (၂) ရာထူးအလွှာ ၈၃ နေရာ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် သတင်းစာတွင် ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့သော ရေးဖြေစာမေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများသည် ရေးဖြေစာမေးပွဲဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာဌာန၊ အဖွဲ့အစည်းများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန် ကျောင်း နှစ် ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် မိုင်းဆတ် မြို့သို့ ရောက်ရှိပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မိုင်းတုံမြို့နယ် မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံထမြို့တို့မှ ဦးစီးမှူးများအား တွေ့ဆုံသည်။ မွန်းလွဲ ပိုင်းတွင် မိုင်းဆတ်မြို့ ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ အမျိုးသား ခေါင်းဆောင်ကြီးများ လမ်းညွှန်ပေးခဲ့သည့်၊ ပြည်သူများလိုလားသည်။ နိုင်ငံတကာလက်ခံသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီစနစ်တွင် အများဆန္ဒကိုဦးစားပေးသော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဖော်ဆောင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်ဖြင့် ထိန်းညှိဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့က ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပက်သက်၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံးများသို့ သံတမန်စာ ပေးပို့သတိပေးခြင်းနှင့် ထုတ်ပြန်ကြေညာချက်ကို ကန့်ကွက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ အဆိုပါသံရုံးများက ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါ စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များနှင့် စွပ်စွဲမှုများက သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ရာရောက်ခြင်းကြောင့် ယခုကဲ့သို့ သတိပေး ကန့်ကွက်ချက်ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲ တတိယနေ့ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ (၄) ခု၊ ယာဉ်စီးရေ (၇) စီးဖြင့် အောက်ဆီဂျင်အရည် Storage Container/Tank (၁) ခု၊ အောက်ဆီဂျင်အရည် Distributor (၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၈၀)၊ PPE ဝတ်စုံ (၁၉,၄၀၀) နှင့် နှာခေါင်းစည်း (Mask) (၁၂) တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်