Skip to main content

Dec 26, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၇၇ ဦး၊ အမျိုးသမီး ၁၀၉ ဦး၊ စုစုပေါင်း ၁၈၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၈ ဦးတို့ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်း ၂၀၆ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း ငါးသယံ ဇာတများ ရေရှည်တည်တံ့ စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး တို့အတွက် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းကို ဒီဇင်ဘာ ၂၁ ရက်က အမှတ်(၃)ရပ်ကွက် မြို့ကုန်းရေဆိပ် ပြည်တော်သာ တံတား၌ ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

တိုင်းဒေသကြီး ငါးခုမှရေထွက်ကုန်များ အဓိကဝင်ရောက်ရာ ရန်ကုန်မြို့ ရွှေပိတောက် ငါးဈေးကြီးတွင် နေ့စဉ်ကုန်ပိဿာချိန် ငါးသိန်းခန့်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နိုင်ငံတစ်ဝန်းရှိ စားသုံးသူပြည်သူများသို့ နေ့စဉ်ရေထွက်ကုန်များ ရောင်းဝယ် ဖောက်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် စမ်းအိုင်ကျေးရွာအုပ်စု စမ်းအိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော် တည်ဆောက် နေမှုအခြေအနေ များကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

ရန်ကုန်မြို့ ပြည်လမ်း အင်းလျား ကန်ပေါင် ပန်းခြံမြက်ခင်းပြင်တွင် အများပြည်သူရုံးပိတ်ရက်ကာလ မိသားစုများ အနားယူအပန်းဖြေသူများ စည်ကားနေသည်ကို ခရစ္စမတ်ရုံးပိတ်ရက် ဒီဇင်ဘာ ၂၅ ရက် ညနေခင်း၌ မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံ များတွင် ပြည်တွင်း ဘုရားဖူးဧည့်သည်များ များပြားစွာလာရောက်လျက် ရှိကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

မကွေးတိုင်းဒေသကြီးတွင် ကောင်းမွန်သော စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) စနစ်ဖြင့် သီးနှံစိုက်ဧကများ နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိ နေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ခဲ့စဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

မောရဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များသည် ကလိန်အောင်မြို့နယ် ကံပေါက် ကျေးရွာရှိ ဗေသနိနှစ်ခြင်း ခရစ်ယာန် အသင်းတော်သို့ သွားရောက်၍ ခရစ်စမတ်နေ့ အထိမ်းအမှတ် လက်ဆောင် ကိတ်မုန့်နှင့် လှူဖွယ်များအား လှူဒါန်းမှုများဆောင်ရွက်ခဲ့ပြီး ခရစ်စမတ် အထိမ်း အမှတ်လက်ဆောင် ကိတ်မုန့်လှီးခြင်းအား သိက္ခာတော်ရဆရာနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

စားသုံးသူအကာအကွယ်ပေးရေးသည် ပြည်သူများ လုံခြုံစိတ်ချမှန်ကန်စွာ သုံးစွဲနိုင် ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန် များထက် ပြည်ပသွင်းကုန် များကို ပိုမိုအားထားလျက်ရှိရာ ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှန်ကန်ရေးကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပြည်ပသွင်းကုန်လူသုံးကုန်ပစ္စည်းအများစုကို နယ်စပ် ကုန်သွယ်ရေးမှ အဓိက တင်သွင်းလျက်ရှိပြီး တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းသိမ်း ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှု အခြေတည်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ဖြစ်သည်။ စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံး ခဲ့သည့်ခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် မှောင်ခိုကုန်သွယ်မှုခေါ် တရားမဝင်ကုန်သွယ်မှုသည် ခေတ်စနစ်များ ပြောင်းခဲ့ပြီးသည့် နောက်တွင် လည်း ပျောက်ကွယ်မသွားဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းတွင် နိုင်ငံ ၈၄ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၈၂ ဖြစ်သည်။ မြန်မာအောက်မှ နိုင်ငံနှစ်နိုင်ငံမှာ အီရတ်နှင့် လစ်ဗျားတို့ ဖြစ်ရာ မိမိတို့နိုင်ငံ၏ အခြေအနေကို မှန်းဆကြည့်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

(၂၅-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ လုပ်ငန်းအပ်နှံသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတွင် လိုအပ်လျက်ရှိသော အလယ်ပေါင်းလောင်းတံတား တည်ဆောက်ရေးလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ပြင်ဦးလွင်မြို့ “၂၀၂၁ ခုနှစ် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲအခမ်းအနား”ကို ယမန်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့၊ သစ်တောသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင် တပ်နယ်မှတပ်နယ်မှူးနှင့် အရာရှိကြီးများ၊ သိက္ခာတော်ရ ဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ခရစ်ယာန် ဘာသာဝင်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ (၁) ခုမှ ယာဉ်စီးရေ (၁) စီးဖြင့် နှာခေါင်းစည်း Mask (၄) တန် တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်း ရပ်ကွက်အနီး လမ်းလုပ်ငန်းများ၊ ရေမြောင်းများ ဆောင်ရွက်နေမှုနှင့် သုခတော်ဝင်အိမ်ရာစီမံကိန်း တည်ဆောက်နေမှုများ ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ကျိုင်းတုံမြို့ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွား သတင်းစာတိုက်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

(၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်