နေပြည်တော် ဒီဇင်ဘာ ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းတို့မှ ကုမ္ပဏီ(၄)ခု၊ ယာဉ်စီးရေ(၁၅)စီးဖြင့် အောက်ဆီဂျင် Plant (၁)ခု၊ PPE ဝတ်စုံ(၅၀၀) နှင့် နှာခေါင်းစည်း (Mask) (၉၃)တန်တို့ကိုတင်သွင်းခဲ့ပြီး အောက်ဆီဂျင် Plant (၁)ခုမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်မှ မန္တလေးမြို့သို့ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် ရေးစီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
သတင်းစဉ်