Jan 23, 2022
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၇ သန်း တန်ဘိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)သန်း doses မှ ပထမအသုတ် (၁)သန်း doses သည် ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ခဲ့ပြီး ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး (၁)သန်း doses သည် QATAR Airways Flight QR-8920 လေယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
Jan 23, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇန်နဝါရီ (၂၂) ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာနှင့် ကျေးရွာသစ် စီမံကိန်း(SMU)ကျေးရွာများသို့ရောက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ သည်။
Jan 23, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း ယနေ့တွင် သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ် ရာများ ပေးအပ်သည်။
Jan 23, 2022
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ။
Jan 23, 2022
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Jan 23, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန် သွယ်ရေး စခန်းမှ တင်သွင်းရာကုမ္ပဏီတစ်ခုမှယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်းစည်း Mask တန် ၂၀ တင်သွင်းခဲ့သည်။
Jan 23, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်းရှိ ကုန်တင်ယာဉ်ပေါ်မှ တရားမဝင် သစ်မျိုးစုံ ၁ ဒသမ ၂၀၇၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၀၁၄) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
Jan 23, 2022
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းနှစ်ခုအား ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် အကြမ်းဖက်သမားအင်အား ၁၀၀ ခန့်စီက သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် တစ်ပြိုင်တည်း လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
Jan 23, 2022
မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်ရှိ၊ အဆိုပါရုံး နေရာများ၌ သီးခြားစီကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Jan 23, 2022
လွန်ခဲ့သောနှစ်ပေါင်း ၇၅ နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် မြန်မာတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ကြရသည်။ လွတ်လပ်ရေးအတွက် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြသည့် ကာလတစ်လျှောက်လုံးတွင် ပြည်သူလူထု စည်းလုံးညီညွတ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့ကို ကျစ်လျစ်သိပ်သည်းစွာ တည်ဆောက်၍ ညီညွတ်မှုအင်အားဖြင့် လွတ်လပ်ရေးအောင်ပန်းကို ရယူခဲ့ကြရခြင်းဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတစ်ခုတွင် လွတ်လပ်ရေးသည် လမ်းဆုံးမဟုတ်ဘဲ လမ်းကြောင်းသာဖြစ်သည်ဟု ဆိုခဲ့ပြီး လွတ်လပ်ရေးသည် လက်ထဲသို့ရောက်ရုံဖြင့် မပြီးသေးဘဲ ရပြီးသည့်လွတ်လပ်ရေးကို တည်တံ့အောင်၊ တည်တံ့သည့် လွတ်လပ်ရေး၏ အရသာကို ခံစားရအောင် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ် ခြောက်ရပ်ကိုလည်း ချပြခဲ့သည်။
Jan 23, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်းဒေသကြီးရှိ နို့စားနွားမွေးမြူရေး စီမံကိန်း (ထုံးဘို)နှင့် မာဘယ်ကျောက်ပြား ထုတ်လုပ်ရေးစက်ရုံ(မန္တလေး)တို့သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
Jan 22, 2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့များ ခိုအောင်းရောက်ရှိ၍ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေမှုကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဖော်ထုတ်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများသည် ဒေသအခေါ် ဂေါ်ရခါးကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ၎င်းအပြင် ဟိုဖိတ်ကျေးရွာအတွင်း ခိုအောင်းရောက်ရှိ လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များ အသုံးပြု၍ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ထပ်မံအင်အားဖြည့်တင်းနိုင်ရေး လုပ်ဆောင်လာခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ ပိုင်းဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Jan 22, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jan 22, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 22, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့် မြို့နယ် (၉) မြို့နယ် အောင်မြင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jan 22, 2022
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ (၁)နာရီက အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2022
အာဆီယံ-ဂျပန်စင်တာ၏ ထောက်ပံ့မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် TRC Hotel and Vocational Training Institute တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အခြေခံဂျပန်အစား အစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။
Jan 22, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇန်နဝါရီ (၂၁)ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ (၉)မိုင်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေးသွင်းအား စုဆိုင်ရာကုမ္ပဏီများ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တောင်သူများအတွက် သက်သာသည့်နှုန်းထားဖြင့် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Jan 22, 2022
ASEAN-OSHNET Awards လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
