Skip to main content

Jan 22, 2022

အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံအတွက် ကျန်းမာသန်စွမ်းပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

ရန်ကုန် ဇန်နဝါရီ ၂၁ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၇၅)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၉) သင်တန်းဆင်းပွဲများ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီခွဲက သင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ရှိ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့လာကြရန်၊ မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်ဖြင့် မိမိဒေသ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကျိုးပြုသူအဖြစ် ရပ်တည်နိုင်ရေးကြိုးပမ်းကြရန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ အကောက်ခွန် ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၆ ၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်းရောက်ရှိနေကြောင်း အကြမ်းဖက်အဖွဲ့အစည်းများကို မလိုလား၊ လက်မခံသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ယနေ့မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖော်ထုတ်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ် ရယူ၍လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အန္တရာယ်အတွင်းမှ ဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးပြု၍ လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ထို့သို့ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး အတတ်နိုင်ဆုံး ထိန်းချုပ်ပစ်ခတ်၍ ချေမှုန်း တိုက်ခိုက်ခဲ့ရာ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စံပြ(၆)မိုင်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံ တိုက်ခိုက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၅ နှစ်ကာလသို့ ဝင်ရောက်လာပြီ လူတိုင်းလူတိုင်းသိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံစာရင်းတွင်ရှိနေသည်။ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်ပင် လိုအပ်ချက်များ ရှိနေသေးသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်လုပ်ကြရမည် ဖြစ်သည်။ အလုပ်လုပ်နိုင်ရန်အတွက် လုပ်ချင်ကိုင်ချင်စိတ်နှင့် အလုပ်လုပ်နိုင်သော အခြေအနေ၊ အခွင့်အလမ်းများ ရှိရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2022

ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်မှု မရှိသည့် သတင်းအရင်းအမြစ်များ၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များကို အခြေခံကာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် စိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည့် နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကြေညာ၍ တုံ့ပြန်လိုက်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

မကြာမီက ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းကို နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့ အစည်းအချို့က သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ရာတွင် အချို့ကလည်း အပြုသဘောနှင့် မျှတစွာဖော်ပြချက် များရှိသကဲ့သို့ အချို့ကလည်း စိစစ်အတည်ပြုနိုင်မှုမရှိသည့် သတင်းအရင်းအမြစ်များ၊ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသော အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့ အစည်းများထံမှ ရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာ နှင်းဆီအိမ်ရာနေ ဖြိုးဇေယျာသော်(ခ)မောင်ကျော်(ခ)ရေခဲ(ဘ) ဦးမြသော် သည် အကြမ်းဖက် အဖွဲ့အစည်းများအား ထောက်ပံ့ရန်အတွက် ၎င်းပိုင်ဆိုင်သည့် နေအိမ်များဖြစ်သည့် သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ၊(၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)ရှိ နေအိမ်၌ လက်နက်မျိုးစုံ ၁၇၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀ ခု၊ ကျည်မျိုးစုံ ၈၅၆၀ တောင့်၊ ဗုံးသီးမျိုးစုံ ၃၂ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံးအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ/င)ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၄) လမ်းရှိ နေအိမ်၌ လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀ တောင့်တို့အား လည်းကောင်း သိမ်းဆည်းထားရှိခြင်းဖြင့် အကြမ်းဖက်သမားကို ဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖြစ်စေ၊ လက်နက်ခဲယမ်း မီးကျောက်များကို ထောက်ပံ့မှုပြုလုပ်ရန်အတွက် သိုဝှက်သိမ်းဆည်း ထားခြင်း ကြောင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ထားသော CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၊ ၎င်းတို့၏ လက်အောက်ခံ Moon Light Operation အဖွဲ့များ နှင့် Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်အတွက် လှုံ့ဆော်ခြင်း၊ ၎င်းတို့အား မထောက်ခံသူများ၊ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအား ပစ်ခတ်သတ်ဖြတ်ရန် အတွက် လက်နက်ငှားရမ်း ထောက်ပံ့ပေးမှု ၃၅ ကြိမ်၊ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ညွှန်ကြားခဲ့မှု ၁၁ ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု အနေဖြင့် အစိုးရအဆောက် အဦများ ၃၀ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံးများ ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနှင့် အနီးဝန်းကျင် ၂၅ ကြိမ်၊ က.ည.န ရုံးနှင့်အနီးဝန်းကျင် ၉ ကြိမ်၊ CCTV Control Box ၅ ကြိမ်၊ အများပြည်သူနှင့်ဆိုင်သော နေရာများ ၆၀ ကြိမ်၊ ဘာသာရေးအဆောက် အဦများ ၂ ကြိမ်၊ စာသင်ကျောင်း ၃ ကြိမ်၊ ယာဉ်ထိန်းရုံးများ ၁၂ ကြိမ် ပြုမှုလုပ်ဆောင်စေခဲ့ခြင်းနှင့် အဆိုပါအကြမ်းဖက် လုပ်ငန်းများ ပြုလုပ်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်ခြင်းကြောင့် လည်းကောင်း၊ ပြည်ပရောက်နေသူများထံမှ အလှူငွေများ ကောက်ခံပြီး ကောက်ခံရရှိသည့် အလှူငွေများအား အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေကြေးများထောက်ပံ့ခြင်း၊ လက်နက်/ခဲယမ်း များ ဝယ်ယူထောက်ပံ့ပေးခြင်းဖြင့် တရားဝင်သော နည်းလမ်းဖြစ်စေ၊ တရားမဝင် သော နည်းလမ်းဖြစ်စေ ၊ ရရှိသည့် ရန်ပုံငွေအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ဒေသ ကို အကြမ်းဖက်သမားတစ်ဦးဦး (သို့မဟုတ်) အကြမ်းဖက်အုပ်စု တစ်ခုခု အသုံးပြုရန် ရည်ရွယ်၍ ဥပဒေနှင့်မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တမင်ကောက်ခံခြင်း(သို့မဟုတ်) ထောက်ပံ့မှု ပြုလုပ်ခြင်းဖြင့် ငွေကြေးဆိုင်ရာ ထောက်ပံ့မှု ပြုလုပ်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများအား ဦးစီးဆောင်ရွက်ခဲ့သည့် NLD ပါတီဝင် တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ၇ ဦး၊ ပေါင်း ၅၀ ဦးအား လက်နက်/ ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိ ခဲ့သည့် ဖြစ်စဉ်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင်လည်းကောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်မှ လက်နက်/ ခဲယမ်းများ ထုတ်ပေး၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အချို့ဖော်ထုတ်ရရှိသည့် သတင်းအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် လည်းကောင်း ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee-JMC) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၌ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ ဖြန့်ဖြူးရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တွဲဘက်အတွင်းဝန် (စီးပွားရေးရာအကြံပေး) Mr. Kamkhenthang Guite တို့က ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှဒေသတွင်း ဝန်ကြီးများအဆင့် ကျားထိန်းသိမ်းရေးညီလာခံကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝါးကတုတ် ရေလှောင်တမံ တမံကြံ့ခိုင်ရေး သဘာဝဘေးလုံခြုံရေး လုပ်ငန်းများနှင့် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ထိုင်းငါးခုံးမကြီးနှင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၁/၂၀၂၂ ကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

“ASEAN-A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ နှင့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အခမ်းအနားများကို ကမ္ဘောဒီးယားနိုင်ငံ ပရီဆီဟာနုပြည်နယ်ရှိ ဆိုခါရီဆော့ ကမ်းခြေဟိုတယ်တွင် ဇန်နဝါရီ ၁၇ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်