May 10, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)ကို ကြားဖြတ်အမိန့်ချမှတ်ပြီး တရားမအထူးအယူခံမှု အမှတ် ၅၀/၂၀၂၀ (ပဲခူး)၊ ၁/ ၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)၊ ၈/၂၀၂၁ (ရန်ကုန်)၊ ၉/၂၀၂၁ (ဧရာဝတီ)၊ ၁၀/၂၀၂၁ (ဧရာဝတီ)၊ ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁ (ဧရာဝတီ)နှင့် ၂၇/၂၀၂၁ (ရှမ်း) စုစုပေါင်း တရားမအထူးအယူခံမှု (၉) မှုတို့ကို စီရင်ချက်ချမှတ်သည်။
May 10, 2022
လူတို့၏ သဘာဝအရ အလုပ်အကိုင်အဆင်ပြေပါက တက်ကြွရွှင်လန်းနေတတ်သည်။ အလုပ်အကိုင်အဆင်မပြေပါက စိတ်လက်မကြည်သာဖြစ်တတ်သည်။ မသင့်သောအလုပ်အကိုင် လုပ်ကိုင်မိသောကြောင့် အန္တရာယ်ဖြစ်သောသူ အချို့လည်းရှိသည်။ ထို့ကြောင့် အလုပ်အကိုင်သည် လူတစ်ဦးချင်းအတွက်သာမက နိုင်ငံအတွက်ပါ အရေးကြီးသောကိစ္စဖြစ်သည်။
May 10, 2022
ရှေးခေတ်မြန်မာ့ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းများတွင် အခြေစိုက်သည်။ ကျေးရွာတိုင်းတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိစမြဲဖြစ်ပြီး ထိုကျောင်းများတွင် ကျေးရွာမှ ကလေးငယ်များ မြန်မာစာအခြေခံသင်ပုန်းကြီးကို စတင် သင်ယူကြရသည်။ ပုတ္တောဝါဒဆုံးမစာတွင် “ဤသို့ ပထမ၊ နမောကကို၊ စ၍ သင်ပြီး၊ သင်ပုန်းကြီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ ခြိုက်ခြိုက်အားရ၊ တတ်ပြီးမှတည့်၊ မင်္ဂလသုတ်၊ ဆယ့်သုံးပုဒ်ကို၊ အားထုတ် လုံ့လ၊ မကြာရခင်၊ ဓိပ္ပါယ်ငင်၍၊ သိမြင်စိမ့်ကြောင်း...” ဟူ၍ ထိုခေတ်ဘုန်းတော်ကြီးကျောင်း ပညာရေး၏ သင်ရိုးညွှန်းတမ်းကို ပြဆိုထားရာ မြန်မာအက္ခရာဗျည်း ၃၃ လုံး သင်ပုန်းကြီးကုန်အောင် တတ်မြောက်ပြီးပါက မင်္ဂလသုတ်ကို အဓိပ္ပာယ်နှင့်တကွ နားလည်သိမြင်အောင် သင်ကြားရသည်ကို ဆုံးမစာ၌ တွေ့မြင်နိုင်သည်။
May 09, 2022
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးအနီး မဟာမုနိ ယာယီတိုက်ပွဲရှောင်စခန်းရှိ သာစည်ကျေးရွာမှ ခေတ္တလာရောက်နေထိုင်သည့် မရွှေစော(ဘ)ဦးစောထွန်းသာ၏ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း နေအိမ်၌ ယနေ့နံနက် ၁ နာရီခွဲခန့်တွင် ထမင်းဟင်းချက်ပြုတ်ထားသော မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျောက်တော်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာယီတိုက်ပွဲရှောင်စခန်းမှ ပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
May 09, 2022
(၉-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
May 09, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်၊ ကိုးဆူစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ TOYOTA RACTIS အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 09, 2022
ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ASANI ဖြတ်သန်းရာ ခန့်မှန်းလမ်းကြောင်းနှင့် ဆက်စပ်သတင်းအချက်အလက်များကို အခြေခံ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ ရောက်ရှိကာ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကိုရယူ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 09, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ “ဒုတိယအကြိမ်မြောက် အကောင်းဆုံးခရီးသွားလုပ်ငန်းကျေးရွာ-၂၀၂၂” အဆိုပြုလျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့် “Briefing Session of Best Tourism Villages by UNWTO” အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
May 09, 2022
လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမတွင် ကျင်းပသည်။
May 09, 2022
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
May 09, 2022
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်မည်
May 09, 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို မေ ၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာ အသင်းက တီမောအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
May 09, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 09, 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
May 09, 2022
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 09, 2022
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
May 09, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company မှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-ပုသိမ်လမ်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။