Skip to main content

Jun 30, 2022

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ရုံးအမှတ်(၅၅)ရှိ အားကစားကွင်းများတွင် ကျင်းပနေသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၆ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော ဖိနပ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်-မြဝတီ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၉၅/၅)မိုင်ခန့် ရှောင်ကွင်းလမ်းထိပ်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Nissan Sky Line (ECR33) အမျိုးအစား ပြိုင်ကားတစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀) (အပေါ်ယာပုံ) နှင့် အဆိုပါပြိုင်ကားကို တင်ဆောင်လာသည့် ISUZU NPR81 အမျိုးအစား ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော သန့်စင်ခန်းသုံးပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၉၈၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၉ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၄၀၀၀၀)ကို လည်းကောင်းစုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၄၃၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan) ဦးဆောင်ကော်မတီအစည်းအဝေး (၂၂/၂၀၂၂)ကို ယမန်နေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူ ၆၅ ဦးအတွက် မွန်ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများက စားသောက်စရိတ် ထောက်ပံ့လှူဒါန်းခဲ့ခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်ထောက်ကူပစ္စည်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သက်မွေးပညာသင်တန်း ကျောင်းခန်းမ(ရာမညဆောင်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ဘောဂဝတီ)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရသူများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

မြန်မာနိုင်ငံတွင် မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းနေသည့် တောင်ကုန်း တောင်တန်းများနှင့် မြစ်ကြီးလေးသွယ် တည်ထွန်းနေမှု ပထဝီဝင်ဘူမိသက်တမ်းအနေအထားအရ မြန်မာနိုင်ငံသည် ကမ္ဘာကြီးဖြစ်တည်ပြီးနောက် ရှေးနှစ်ပေါင်း နှစ်သန်းချီကာလကတည်းက အခိုင်အမာတည်ရှိနေသည်ကို လေ့လာတွေ့ရှိထားကြသည်။ ပထဝီအနေအထားတည်ရှိမှုနှင့်အတူ သက်ရှိလူသားများနှင့် ယဉ်ကျေးမှုအဆင့်အတန်း အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည့် အထောက်အထားများ တွေ့ရှိထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

လွန်ခဲ့သည့် တစ်နှစ်ခန့်ကာလ တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒီမိုကရေစီ တည့်မတ်ထိန်းသိမ်းမှုကို ဆန့်ကျင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှသည် အဓိကရုဏ်းအဆင့်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်မှုအဆင့်နှင့် နောက်ဆုံးတွင် လူစုလူဝေးဖြင့် မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ထူထောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာမက အပြစ်မဲ့ပြည်သူများကိုပါ လုပ်ကြံသတ်ဖြတ်မှုများအထိ နိုင်ငံတစ်ဝန်းရှိ မြို့ပြဒေသအချို့တို့တွင် ဖြစ်ပေါ်ခဲ့သမျှ အနိဋ္ဌာရုံများ၏ နောက်ကွယ် ၌ CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့ ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ ဆက်လက်ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်၏ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းသို့ ဇွန် ၂၆ ရက်မှစ၍ PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့တို့မှ အင်အားအလုံးအရင်းဖြင့် နေ့စဉ် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ဘောလုံး အားကစားကွင်းနှင့် ပွဲကြည့်စင်ကိုလည်းကောင်း၊ ပြည်ခရိုင် အားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna နှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်