နေပြည်တော်

ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအကျဆုံးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စ၊ နောက်တစ်ချက်ကတောင်သူတွေရဲ့ စိုက်ပျိုးသီးနှံဈေးကွက်ကိစ္စ နှစ်ခုကိုလုပ်ရမယ် ဦးအောင်မျိုးလတ် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးများ တက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ တတိယအကြိမ်လွှတ်တော်အတွက် ယခင် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ပါဝင်လာသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်အသစ်များလည်း ထပ်မံအရွေးချယ်ခံခဲ့ကြရသည်။ ယခုအခါ နေပြည်တော်သို့ ရောက်ရှိနေကြသည့် ပြည်သူ့အကျိုး ဆောင်ရွက်သယ်ပိုးကြမည့် တတိယအကြိမ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၏ ရင်တွင်းပြောကြားစကားသံများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ရပါသည် -

COVISHIELD ကာကွယ်ဆေးသဘာဝကလည်း ဘေးထွက်ဆိုးကျိုးအလွန်တရာ နည်းပါးတဲ့ဆေး ဖြစ်ပါတယ်၊ ဒီကာကွယ် ဆေးကတော့ အကျိုးပိုများပါတယ်၊ အပြစ်က နည်းနည်းလေးပဲရှိတယ်၊ ဒါကြောင့် အကျိုးများလို့ ထိုးရမှာဖြစ်ပါတယ်(ဒေါက်တာထွန်းမြင့်)

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးများအား စနစ်တကျ သိုလှောင်ထားရှိမှု၊ နေရာအနှံ့ ကာကွယ်ဆေးထိုးနှံနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကာကွယ်ဆေးများ ပို့ဆောင်ပေးနေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများ ပေးကာ လေ့ကျင့်ပေးနေမှုနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

လက်ရှိအစိုးရ၏ လက်ကျန်ရက်ပေါင်း (၁၀၀)

(၄) ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ခရီးသည်တစ်ဦးလျှင် အလုပ်အကိုင် လေးဦးခန့်ကို ဖန်တီးပေးနိုင်သဖြင့် ခရီးစဉ်များကို စီစဉ်ခြင်း၊ စားသောက်ဆိုင်၊ တည်းခိုခန်း၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်၊ ခရီးသွား ပို့ဆောင်မှုအစီအစဉ်များကို ပံ့ပိုးပေးခြင်း၊ ခရီးစဉ်အသစ်နှင့် အတွဲလိုက်ခရီးစဉ်စီစဉ်မှု (Package Tours) များကို ပြုလုပ်ပေးခြင်း၊ ခရီးစဉ်အသစ်များကို တိုးချဲ့စီစဉ်ခြင်း (New Destinations)၊ မြန်မာ့ လူနေမှုဘဝကို လေ့လာနိုင်သည့် အိမ်တွင်တည်းခိုခြင်း(Home Stay) နှင့် နေရာလပ်အိပ်ခန်းလွတ်များကို ဧည့်သည်များအား အင်တာနက်မှတစ်ဆင့် ငှားရမ်းခြင်း (Airbnb - Air Mattress bed and breakfast) ကဲ့သို့ ဆန်းသစ်သောနည်းများဖြင့် တည်းခိုနေရာများ ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသွားအာမခံနှင့် အရေးပေါ်လူနာပို့ဆောင်မှုအစီအစဉ် (Medical Evacuation) များကို စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့အပြင် ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များဟာ လက်ရှိပူးပေါင်းဆောင်ရွက်မှုအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကျေးလက်ခရီးသွား လုပ်ငန်းများမှာလည်း လက်ရှိအသေးစား ကုန်တင်ယာဉ်များနဲ့ သွားလာနေမှုကနေ ပိုမိုဘေးကင်းပြီး စရိတ်သက်သာတဲ့ ကျေးလက် အခြေခံသယ်ယူပို့ဆောင်မှုစနစ်ကို လည်းဖော်ထုတ်သွားကြရမှာဖြစ်ပါတယ်။ သဘာဝ ခရီးသွားလုပ်ငန်း (eco-tourism) နဲ့ စွန့်စားလှုပ်ရှား ခရီးသွားကဏ္ဍ (Adventure tours, mountaineering, kayaking, hiking, jet-skiing, snorkeling, surfing, pleasure fishing etc.) စသည်များကိုလည်း အားပေးထူထောင်သွားရမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး ၊ အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(UPR) လုပ်ငန်းအဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေး၌ မြန်မာနိုင်ငံ၏ UPR တတိယအကျော့ အစီရင်ခံစာ သုံးသပ်မှု ပြုလုပ်

ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) လုပ်ငန်းအဖွဲ့၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံ၌ ကျင်းပလျက်ရှိပြီး ယနေ့တွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် UPR အစီရင်ခံ စာသုံးသပ်မှုပြုလုပ်ဆောင်ရွက်ကြသည်။

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား များအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ များတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသင်္ဘောသားများအား ဆိုးလ် မြို့ရှိ မြန်မာ သံရုံးနှင့် မြန်မာသင်္ဘောသားများ အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) မှစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်း ပေးပို့ချက်အရ ဇန်နဝါရီ ၆ ရက်မှ ၂၃ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်‌သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ နတ်နန်း ကျေးရွာအုပ်စု၊ အရှေ့ဘက်(၃)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်/ကညင်သစ် (၃၃ ဒသမ ၃၃၂၀) တန်အားလည်းကောင်း၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝ ကားလမ်း၊ မိုင်တိုင်(၁၀/၄)တရော်ကျင်း ကျေးရွာအနီး (၆) ဘီးယာဉ်ပေါ် မှ တရားမဝင် ပိတောက်ချပ် (၀ ဒသမ ၉၅၅၀)တန်အားလည်းကောင်း ဖမ်းဆီးရ မိခဲ့သည်။

ရခိုင်ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေကိုယ်စားလှယ် Ms. Yukiko lriyama တို့အား ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာန၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဦးလှကျော် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

“အားလုံးအတွက် ရှေးဦးပြုစုခြင်း” “First Aid for All” သင်တန်းစီမံချက် ဒုတိယအဆင့် သင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် ဦးတည်၍ ဆောင်ရွက်လျက်ရှိသော ‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက် ဒုတိယအဆင့် သင်တန်းဆင်းပွဲအခမ်းအနားကို Online ဖြင့် ယနေ့ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။
Subscribe to နေပြည်တော်