ယမန်နေ့မှအဆက်
Myanmar National Post 3008 3093 ချုပ် နောင်တော်လေး က မေးမြန်းရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ကြိုဆို သည့်အနေဖြင့် သတင်းစာရှင်းလင်းပွဲကို ပထမဆုံး တက်ရောက် သတင်းရယူရခြင်းဖြစ်
ကြောင်း၊ NLD အစိုးရလက်ထက်မှာ မဲလိမ်၊ မဲခိုးမှုများနှင့်ပတ်သက်၍ ပြည်သူတွေ ဆန္ဒဖော်ထုတ် နေရင်း ရဲကိုဝင်ဆွဲခိုင်းတယ်။ ချုပ်နှောင်ဖမ်းဆီးတယ်၊ နိုင်ငံတော်အလံကို ရဲတပ်ဖွဲ့ဝင်များက တက်နင်းပြီး ဖမ်းဆီးသည့် အခြေအနေမျိုးတွေထိ မြင်တွေ့ရကြောင်း၊ ယခုအခါ NLD ထောက်ခံ သူများ အနေဖြင့် ငြိမ်းစုစီနဲ့လည်း ခွင့်ပြုချက်မတင်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေကိုလည်း ချိုးဖောက်ပြီးလုပ်နေကြောင်း၊ ဆန္ဒပြပွဲများကို ဘယ်အချိန်မှာ တိတိကျကျ အရေးယူ ဆောင်ရွက် မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို မယိမ်းမယိုင်သွားမည်ဟု ခံယူထား သည့်အတွက် ဒီမိုကရေစီကျင့်စဉ်၊ ၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်နေလျှင် အရေး ယူ ဆောင်ရွက်ရန်မရှိကြောင်း၊ ချိုးဖောက်
လာသည်များကို အရေးယူ ဆောင်ရွက်ရန် ရှိကြောင်း၊ အရေးယူဆောင်ရွက်နေသည်များ ကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် နေသည်များလည်း မြင်နိုင်မည်ဖြစ်ကြောင်း ဖြေကြားသည်။
Myanmar National Post 3008 305 ချုပ် နောင်တော်လေးက ဆက်လက်မေးမြန်း ရာ CDM လုပ်ရန်အတွက် လှုံ့ဆော်သူများက ဝန်ထမ်းများ၏ အိမ်ရာများထိ လမ်းများ ပိတ်ဆို့ပြီး ဆန္ဒဖော်ထုတ်နေခြင်းများရှိကြောင်း၊ မိမိတို့တိုင်းပြည်တွင် ဒီမိုကရေစီ စနစ်ကို စပြီးကျင့်သုံးသည်က ပါတီပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ ရွေးကောက်ပွဲဝင်ပြိုင် သည်က ၈၀ ကျော်ရှိကြောင်း၊ မတူညီကွဲပြား သည်များရှိသည့်ကြားတွင် ငါနှင့်မတူငါ့ရန်သူ ဟုလုပ်နေခြင်း၊ ဝန်ထမ်းများ တွင်လည်း NLD ပါတီကို ထောက်ခံသူရှိသကဲ့သို့ မထောက်ခံ သူများလည်းရှိကြောင်း၊ အဆိုပါ ကိစ္စများကို ဘယ်လိုတားဆီးမလဲ၊ CDM လုပ်သည့်သူများ အစား အစားထိုးရန် ဝန်ထမ်းအဆင်သင့် ဖြစ်ပြီလား သိလိုပါကြောင်းမေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ဖြေကြားရာ ဝန်ထမ်းအိမ်ရာများကို ခြိမ်းခြောက် နေသည်များ၊ လုပ်ငန်းခွင်အထိ ခြိမ်းခြောက်နေသည်များကို တွေ့ရကြောင်း၊ ဝန်ထမ်းများနှင့် ပတ်သက်ပြီး အပြုံးမပျက် ရုံးတက်နိုင်ရေး လိုအပ်သည့် လုံခြုံရေး
ဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအား နှောင့်ယှက် နေသူများ ကို တည်ဆဲဥပဒေများအရ ဆက်လက်ပြီး အရေးယူဆောင်ရွက်ဖြစ်
အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ CDM ကိစ္စနှင့်ပတ်သက်ပြီး အချိန်အတိုင်း အတာတစ်ခုထိ စိတ်ရှည်လက်ရှည်စောင့်နေ ပါကြောင်း၊ ပြီးသွားလျှင် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း သွားရမည် ဖြစ်ကြောင်း၊ CDM လုပ်နေသည်ကို ဘယ်သူ များဖြစ်နေလဲဆိုတာ တွေ့ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အထိနာနေသည် ကို တွေ့ရမှာဖြစ်ကြောင်း၊ ပြည်သူလူထု နစ်နာလာသည်ကို Professional ဆန်ရမည့် ဝန်ထမ်းများအနေဖြင့် အဆိုပါလုပ်ဆောင်ချက်များသည် မကောင်းဘူး ဆိုတာ မြင်လာ မှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ယနေ့ထိဖြစ်ကြောင်း၊ အစိုးရ ၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်လျက်ရှိကြောင်း၊ ဆန္ဒပြမှုများ၊နှောင့်ယှက်ဖျက်ဆီးမှုများရှိနေသည့်ကြားထဲ မှ အဆိုပါ ကိစ္စရပ်များ လျော့နည်းသွားအောင် ညအချိန်များတွင် လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်ပြီးလည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် တာဝန်သိ သစ္စာရှိသည့် ဝန်ထမ်းများ၊ ပြည်သူ လူထုများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ပြန်လည် ဖြေကြားသည်။
Myanmar National Post 3008305 ချုပ် နောင်တော်လေးက ဆက်လက်မေးမြန်း ရာ CDM လှုပ်ရှားမှုတွင် အဓိကပါဝင်သူ ခုနစ် ဦးနှင့် အနုပညာရှင်များပါဝင်ကြောင်း၊ ပါဝင် သူ ခုနစ်ဦးကို ဖမ်းဝရမ်းထုတ်ထားခြင်းကိုတွေ့ရကြောင်း၊ ဖမ်းမိနိုင်မှုအခြေအနေများနှင့် ပတ်သက်ပြီး သိရှိလိုပါ ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆက်လက် ဖြေကြားရာ ပုဂ္ဂလိကပိုင်းဆိုင်ရာ မိမိအနေ ဖြင့် ပြောလိုခြင်းမရှိကြောင်း၊ သူတို့က ဘယ်လို လူတွေလဲ၊ ဘာအသက်မွေးဝမ်းကျောင်းပြု သူတွေလဲ၊ ဘာတွေရည်မှန်းချက်ရှိလဲ ဝန်ထမ်းလည်းမဟုတ်ကြောင်း၊ ဝန်ထမ်းများ အလုပ်ထိခိုက်သွားလည်း သူတို့က ထိခိုက် စရာမရှိကြောင်း၊
ဒါကြောင့် လုပ်နေခြင်းဖြစ် ကြောင်း၊ သို့သော် နိုင်ငံရေးခံယူချက်ကြောင့် လုပ်နေခြင်းကို မပြောလိုကြောင်း၊ နိုင်ငံရေး ထိပ်တိုက်တွေ့မှု လမ်းကြောင်းပေါ်တွင် အစိုးရဝန်ထမ်းများကို တွန်းတင်နေခြင်းသည် မူမမှန်ဟု ပြောလိုကြောင်း၊ မိမိနိုင်ငံရေး ခံယူ ချက်ရှိလျှင် မိမိဘာသာ လုပ်စေလိုကြောင်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး မိမိတို့
အနေဖြင့် အရေးယူဆောင်ရွက်ထားခြင်းများ ရှိကြောင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို ဘယ်မှာထိန်းချုပ်ထား သလဲ၊ သူတို့ကို ဘယ်လိုဥပဒေတွေနှင့် တရား စွဲဆိုထားလဲဆိုတာ သိလိုကြောင်း မေးမြန်း သည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို လုံခြုံသည့်နေရာတွင် လုံခြုံမှုရှိစေရေးအတွက် ထိန်းချုပ်ထား ကြောင်း၊ ကျန်းမာရေးအခြေအနေကောင်းမွန်
ကြောင်း၊ မိမိတို့အနေဖြင့် အချုပ်ချထားသည့် ပုံစံမျိုးလုပ်ဆောင်ခြင်းမရှိကြောင်း၊ သက်ဆိုင် ရာ နေအိမ်တွေမှာ ရှိကြောင်း၊ ဥပဒေအရ ဆက်လက်ဆောင်ရွက်ရမည့်အပိုင်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ကျော်လွန်ပြီး ဆောင်ရွက် သွားမှာ မဟုတ်ကြောင်း ပြန်လည်ဖြေကြား သည်။
ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ၎င်းတို့ နှစ်ဦးကိုဘယ် ဥပဒေတွေနှင့်အရေးယူထားလဲ ဟု မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် အရေးယူခြင်းကိစ္စနှင့် သက်ဆိုင်ရာကို မေးကြည့်စေလိုကြောင်း၊ ဘယ်ဥပဒေတွေနှင့် အရေးယူထားသည်ကို မပြောနိုင်သေးကြောင်း၊ နောက်ရက်တွင်တော့ အမှုတွေနှင့်ပတ်သက်၍ ဆက်လက်ပြီးတော့ဆောင်ရွက်သွားမည့် လုပ်ငန်း များ ရှိပြီး ဘယ်ဥပဒေက ဘယ်လိုဆိုတာ ခင်ဗျားတို့ လည်း သိနေပြီးဖြစ်ကြောင်း ပြန်လည်
ကြားသည်။ ။
ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ဝန်ထမ်းတွေ CDM လှုပ်ရှားမှု နှင့်ပတ်သက်ပြီး ဘယ်လို ဖြေရှင်းရန် ဆောင်ရွက်ထားသည်ကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် CDM ကိစ္စဆောင်ရွက်နေ သည့်အတွက် အစိုးရ၏ ဝန်ကြီးဌာနများ၏ အုပ်ချုပ်မှုယန္တရား ရပ်တန့်သွားခြင်းမရှိ လည်ပတ်လျက်ရှိကြောင်း၊ မိမိတို့ ယခု လုပ်ဆောင်နေသည်များမှာ ဝန်ကြီးဌာနများ မှာရှိသည့် တာဝန်ရှိသူများမှ စည်းရုံးရေး
နည်းလမ်းနှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ အကြီးအကဲ များမှ စည်းရုံးရေးနည်းလမ်းဖြင့် ဆောင်ရွက် ခဲ့သည့်အတွက် အောင်မြင်သင့်သလောက်
အောင်မြင်ပြီဖြစ်ကြောင်း၊ ဝန်ထမ်းတော်တော် များများ အလုပ်ခွင် ဝင်ရောက်ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး စည်းရုံးရေးနည်းလမ်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော် စည်းရုံးရေး နည်းလမ်းဆိုသည်မှာ အချိန် အတိုင်းအတာတစ်ခုအထိရှိကြောင်း၊ အချိန် အတိုင်းအတာ တစ်ခု အထိမှ ဝင်ရောက်လာခြင်းမရှိခဲ့လျှင် တည်ဆဲဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လှုံ့ဆော် သူများကို တည်ဆဲစည်းမျဉ်းစည်းကမ်းများအပြင် တည်ဆဲဥပဒေများနှင့်အညီ မလွှဲမရှောင်သာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လည်း မဆောင်ရွက်လိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်မှာ သစ္စာ ရှိရှိနှင့် ဝန်ထမ်းများ ရုံးတက်နိုင်ရန် မျှော်လင့် လျက်ရှိကြောင်း ဖြေကြားသည်။ ။
BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက သတင်းများတွင်ကြည့်ရ သည်မှာ မြန်မာ့ မီးရထား ဆိုလျှင် လုံးဝရပ်သွား သည့်အခြေအနေမျိုးကို တွေ့ရကြောင်း၊ထိုပြဿနာများကို ဘယ်လိုဖြေရှင်းဖို့ စီစဉ် ထားသလဲသိလိုကြောင်း မေးမြန်းသည်။
ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက်ဦးအောင်သူရကယခုဖမ်းဆီး ထားသည့်ထဲတွင် ဝန်ကြီးချုပ်များပါဝင်ကြောင်း၊ တချို့ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ကြား သိရ ကြောင်း၊ ထိုပုဂ္ဂိုလ်များကိုဘယ်လိုဥပဒေများ နှင့် ဖမ်းဆီးထိန်းချုပ်ထားသည်ကို သိလို
ကြောင်းနှင့် ဘယ်နေရာတွင် ထိန်းချုပ်ထား သည်ကို သိလိုကြောင်း မေးမြန်းသည်။ ။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် မိမိတို့အနေဖြင့် ဥပဒေနှင့် မညီသည်ကို လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ဥပဒေအတိုင်း ဆောင်ရွက်သွားမည်၊ ဘာတွေဆောင်ရွက် ထားသည် ကို ဆောင်ရွက်ပြီးသည် နှင့် သိလို့ရမည်ဖြစ်ကြောင်း ပြန်လည် ( ဖြေကြား သည်။
Union Daily wos&:9999 wone: ထောက် ပြည့်ဖြိုးနိုင်က မေးမြန်းရာတွင် ပထမဆုံးအနေဖြင့် COVID-19 နှင့်ပတ်သက် သည့်ကိစ္စ မေးချင်ကြောင်း၊ coVID-19 ကာကွယ်ဆေးထိုးသည့် အစီအစဉ်များကို ဆက်လုပ်မည်ဆိုလျှင် ပြည်သူတွေထိုးနိုင် သည့် အခြေအနေအထိ ကျယ်ကျယ် ပြန့်ပြန့် ထိုးနိုင်အောင် မည်သို့လုပ်ဆောင်မည်။ နောက်တစ်ချက်က COVID-19 နှင့်ပတ်သက် သည့်စည်းမျဉ်းများ ဥပမာ ယခုဆိုလျှင် နေပြည်တော်ကိုဝင်လျှင် Quarantine ဝင်ရတာကိုဖြုတ်ပေး တော့မည်ဆိုပြီး သတင်းများ ထွက်နေကြောင်း၊ ထိုသတင်းများသည် တကယ်ဟုတ်ပါသလား၊ ဖြုတ်ပေးမည်လား။ ဘယ်လိုအစီအစဉ်များရှိပါလဲ မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် COMID-I9 နှင့်ပတ်သက်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနှင့် လည်း COMID-19 နှင့်ပတ်သက်ပြီး မည်သို့
ဆောင်ရွက်မည်ဆိုသည်ကို ၎င်း၏မိန့်ခွန်းများ ထဲတွင် အသေးစိတ်ပြောကြားပြီးဖြစ်ကြောင်း၊ ဆေးအမျိုးအစားအသစ်တွေ ထပ်မံကူညီမယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်လုပ်မယ်။ ထို့အပြင် ပုဂ္ဂလိကများအနေဖြင့် လှူဒါန်းနိုင် ရေး၊ ပုဂ္ဂလိကဆေးထိုးနိုင်ရေး၊ ဝယ်ယူပြီး ဆောလျင်စွာ ဆေးထိုးနိုင်ရေးကိုလည်း
ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 နှင့် ပတ်သက်ပြီး ကာကွယ် ထိန်းချုပ်၊ တားဆီး ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်နှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အပြင် COMID-I9 ရောဂါ ဖြစ်ပွားမှု အရှိန်လျော့ကျနေသည့်ကာလ အတွင်းမှာ COMID-I9 ရောဂါကာကွယ်။ ထိန်းချုပ်တားဆီးရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျောင်းများကို ပြန်ဖွင့်မှာဖြစ် ကြောင်း၊ ပညာရေးကနောက်ကျ၍မရကြောင်း၊
ကျောင်းများကို မကြာမီအချိန်အတွင်းမှာ ပြန်ဖွင့်မည်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှု များကို စတင်လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊
နောက်ကျနေသည်မှာ နှစ်ကျော်သွားပြီ ဖြစ်သည့်အတွက် ကျန်သည့်နိုင်ငံများမှာ လည်း COMID-I9 စည်းမျဉ်းစည်းကမ်းနှင့်အညီ
ကျောင်းများဖွင့်နေတာရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအနေနှင့် ပညာရေးနှင့် ပတ်သက်ပြီး အထူးအလေးပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ ခဏခဏပြောခဲ့ သလိုပဲ ကျန်းမာရေး၊ ပညာရေးသည် ဦးစားပေး တစ်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက် လျှင် ကျန်းမာမှအလုပ်လုပ်နိုင်မည်။ ပညာ သင်ကြားနိုင်မည်။ ပညာသင်ကြားနိုင်မှ မိမိတို့ တိုင်းပြည်သည် လူရာဝင်မည်ဖြစ်ကြောင်း၊ ၎င်းခံယူချက်များအတိုင်း မိမိတို့ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Union Daily သတင်း ဌာနမှ သတင်းထောက်ပြည့်ဖြိုးနိုင်က မေးမြန်းရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောကြားထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အရင်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ လိုသူများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့ဆက်လက် လုပ်ဆောင်မည်နည်း၊ ဘယ်လို ကတိတွေပေး နိုင်မည်လဲ ဆိုတာ သိချင်ပါကြောင်း မေးမြန်း သည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် စီးပွားရေးနှင့်ပတ်သက်ရင် စီးပွားရေး လုပ်ငန်းရှင်တွေပြီးရင် ဗဟိုဘဏ်၊ ဘဏ်များနှင့်တွေ့ဆုံစဉ်မှာ မိမိတို့ ပြောကြား ပြီးဖြစ်ကြောင်း၊ နံပါတ်တစ် မိမိတို့အာမခံချက် ပေးနိုင်တာသည် ယခင်သဘောတူညီပြီးသား သဘောတူညီချက် များရှိကြောင်း၊ ၎င်းသဘော တူညီချက်များကို မိမိတို့ဖျက်ပစ်မှာ မဟုတ်
ကြောင်း၊ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နံပါတ်နှစ် အနေနှင့် အရင်ကမူဝါဒအရ သဘောတူညီ ပြီးပြီ သို့သော် လက်တွေ့လုပ်ငန်းမှာတော့ မလုပ်ရသေးကြောင်း၊ အခက်အခဲ အမျိုးမျိုး
ကြောင့် မလုပ်နိုင်တာရှိကြောင်း၊ ဝန်ကြီးဌာန အလိုက် ထိုသို့သောလုပ်ငန်းများရှိကြောင်း၊ ဒါတွေကို ဆောလျင်စွာပြီးပြတ်အောင် မိမိတို့လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဲဒီလိုလုပ်ပြီး စီးပွားရေး လုပ်ငန်း များကို အရှိန်အဟုန်ဖြင့် လည်ပတ်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း၊ နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ဘဏ်လုပ်ငန်းများနှင့် ပတ်သက်ပြီး အာမခံချက်ပေးထား ပါကြောင်း၊ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး အာမခံချက် ပေးထားကြောင်း၊ အဓိကပြောလိုတာက ဘဏ် လုပ်ငန်းများ၊ ငွေရေးကြေးရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူ လူထုအနေနှင့်ကောလာဟလများကို မယုံကြ ဖို့ပြောလိုကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မိမိတို့ နိုင်ငံ့တာဝန်များကိုစတင်ပြီး တာဝန်ယူ သည့်အချိန်မှာ ဘာနှင့်စပြီးတိုက်ခိုက်သလဲဆိုလျှင် အရင်ပုံသေနည်း အဟောင်းအတိုင်းပဲ၊ တစ်သောင်းတန်များ၊ ငါးထောင်တန်များကို ဖျက်သိမ်း တော့မည်ဆိုပြီး တိုက်ခိုက်ပါကြောင်း၊ မိမိတို့သည် ဒီအခြေခံဥပဒေကို သွားနေတာဖြစ်ကြောင်း၊ အခြေခံဥပဒေမှာ တိတိကျကျ ရေးထားပြီးသားဖြစ်ကြောင်း နိုင်ငံတော်ကတရားဝင် ထုတ်ထားသည့် ငွေကြေးကို ဘယ်တော့မှ မဖျက်သိမ်းဘူးဆို တာ အခြေခံဥပဒေမှာ ပါပြီးသားဖြစ်ကြောင်း၊ ဒီဥပဒေအတိုင်း မိမိတို့လိုက်နာသွားမှာဖြစ်ကြောင်း၊ အာမခံချက်များပါပြီးသားဖြစ်သလို ခုနကပြော သည့် ထပ်ဆင့်အာမခံချက်များကိုပြောပြီးသားဖြစ်ပါကြောင်းရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ Union Daily သတင်းဌာန မှ သတင်းထောက်ပြည့်ဖြိုးနိုင်က မေးမြန်းရာ တွင် အခုလက်ရှိဘဏ်လုပ်ငန်းတွေအပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေမှာလည်း CDMလုပ်သည့် သူရှိသလို မလုပ်သည့်သူများလည်းရှိကြောင်း၊ မလုပ်သည့်သူများကို အကြောင်းအမျိုးမျိုးနှင့် ဖိအားပေးခြင်း များ၊ ခြိမ်းခြောက်ခြင်းများရှိကြောင်း၊ အဆိုပါလုပ်ရပ်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်သို့ အကူအညီပေးမည်၊ မည်ကဲ့သို့အကာအကွယ် ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာ ဝန်ထမ်းများကိစ္စနှင့်ပတ်သက်ပြီး | သက်ဆိုင်ရာ ဌာနအကြီးအကဲ အချို့အနေဖြင့် ဆွဲဆောင်စည်းရုံးရေး နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလက်ရှိလည်းဆောင်ရွက်နေကြောင်း၊ အချို့နေရာများတွင် မည်သို့မျှထိန်းချုပ်၍ မရတော့ ကြောင်း၊ ဦးဆောင်ပြီး လှုံ့ဆော်နေသူများရှိကြောင်း၊ ထိုသူများကို ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း များအရ၊ တည်ဆဲဥပဒေအရ အရေးယူထား ခြင်းများရှိကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်း နှင့်ပတ်သက်ပြီး နှောင့်ယှက်နေသူများကို တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှသာဖြစ်မည့် အနေအထားဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။
ဆင်ဟွာ သတင်းဌာနမှ သတင်းထောက် ဦးရဲမင်းဖြိုးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ပြောကြားချက်မှာ ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် အခြားထိန်းသိမ်း ထားသူ အားလုံး ကို ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းထား မှုရှိကြောင်း၊ ထိုအပေါ်တွင် မည်သို့ လုပ်ဆောင် ပေးသွားမည်ကိုလည်း သိချင်ပါကြောင်း မေးမြန်းသည်။ ။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် အဓိကကတော့ ဥပဒေနှင့် အညီ ဆောင် ရွက် သွားမည်ဖြစ်ကြောင်း၊
ဥပဒေကိုကျော်လွန်ပြီး ဆောင်ရွက်စရာ အကြောင်းမရှိကြောင်း၊ ထိုသို့ဆောင်ရွက် သည့်အချိန်တွင်လည်း ဆောင်ရွက်သမျှကို မိမိတို့ပြောနိုင်သည့်အချိန်တွင် ပွင့်လင်းမြင်သာ စွာ ပြောသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ကိုလည်း ပွင့်လင်းမြင်သာအောင်အသိပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
Voice of Myanmar(VOM)သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ယခု လူထုက လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေသည်မှာ ရက်တွေကြာနေပြီဖြစ်ပြီး သူတို့လိုချင်သည့် အချက်အလက် တွေကို သိလောက်ပြီထင်
ကြောင်း၊ လူထုကြောင့်ဆိုရင် မဖြစ်နိုင်ဘူးဆို သည်မှာမရှိလောက်ဘူးလို့ အကုန်လုံးလည်း တွေးနေကြကြောင်း၊ ထိုအရာကိုဘယ်လောက် လုပ်ပေးနိုင်မလဲဆိုတာ သိချင်ကြောင်း၊ လူထု တွေလမ်းပေါ်ထွက်ပြီး တောင်းဆိုကြတယ်။ ဆန္ဒတွေပြတယ်။ သမ္မတကြီးလွှတ်ပေးဖို့၊ အတိုင်ပင်ခံ လွှတ်ပေးဖို့အဲဒါတွေနှင့်ပတ်သက် ပြီး ဘာများလုပ်ဆောင်ပေးနိုင်မလဲဆိုတာကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့ ပြောနိုင်သည်မှာ ဥပဒေနှင့်အညီ လုပ်ဆောင် သွားမည် ဖြစ်ကြောင်းဖြေကြားသည်။
ဆက်လက်၍ Voice of Myanmar(VOM) သတင်းဌာနမှ သတင်းထောက်ဦးမောင်မောင် ထွန်းက နိုင်ငံတကာမှ အသိအမှတ်မပြုဘူး ဖြစ်နေကြောင်း၊ ထိုအပေါ်မှာ လုပ်ရကိုင်ရ သည်မှာ အဟန့် အတားဖြစ်နေသည့်အပေါ်မှာ |ဘယ်လိုသဘောထားကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် ထိုအရာမှာ မေးခွန်းကိုပင် မှားနေခြင်း လို့ထင်ကြောင်း၊ နိုင်ငံတကာမှ အသိအမှတ် ပြု၊ မပြုဆိုသည်မှာ လက်ရှိ ပြောလျက်ရှိသည့် နိုင်ငံ တကာမှာ ဘယ်လို ရေးနေလဲဆိုသည်ကို ကြည့်စေလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှာလည်း ဘယ်လို ပြော နေသည်ကိုကြည့်လိုက်လျှင် သိနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံတကာသံရုံးအစုံရှိ
ကြောင်း၊ မြန်မာနိုင်ငံ၏ သံအမတ်ကြီးများ သည် နိုင်ငံတကာမှာ သံအမတ်ကြီးအဆင့်ဖြင့် အစုံ အလင် ရှိကြောင်း၊ နိုင်ငံတကာအစိုးရများ ၏ ပြောကြားချက်များ၊ ရေးသားချက်များ အသိအမှတ ်ပြုခြင်း၊ မပြုခြင်းဆိုသည်ကို ထင်ရှားစွာတွေ့နိုင်ကြောင်း၊ လိုရာဆွဲပြောနေ တာကို မကြည့်စေ လိုကြောင်း၊ အပြစ်မဆိုချင်ကြောင်း၊ ၎င်းတို့လိုချင်သဖြင့် ရေးနေခြင်း၊ လုပ်နေခြင်းသာဖြစ်ကြောင်း၊ ပြည်သူလူထု အနေဖြင့် အခြေအနေအမှန်တိုင်းသိဖို့လိုကြောင်း ဖြေကြားသည်။
ဆက်လက်၍ Voice of Myanmar(VOM) သတင်းဌာနမှ သတင်းထောက်ဦးမောင်မောင် ထွန်းက ဆက်သွယ်မှုအနေဖြင့် သတင်းအမှား တွေဆိုတော့ အင်တာနက်တွေပိတ်ခြင်း၊ Facebook cozooslè:cle couscos ခက်ခဲကြောင်း၊ ဥပဒေနှင့်အညီ မှန်မှန် ကန်ကန်လုပ်နေသည်ဆိုလျှင် ဖမ်းချင်ပါက ဖမ်းလို့ရပြီး ဘာကြောင့်အင်တာနက်တွေ ပိတ်ပြီးဖမ်းသည့် သတင်းတွေရှိကြောင်း၊ အင်တာနက်ဖွင့်ပေးရန်နှင့် Facebook ကို လွယ်လွယ်ကူကူသုံးလို့ရရန် ဘယ်လို ဆောင်ရွက်ပေး နိုင်မလဲ ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် အဓိကအနေဖြင့် တချို့ လိုအပ်သည့် ကန့်သတ်မှုတွေလုပ်ရမည် ဖြစ် ပြီး ဘာကြောင့်ဆိုလျှင် တချို့၏ လှုံ့ဆော်မှု များ၊ အခြေအနေကို ပိုပြီးတော့ဆိုးအောင် လုပ်သည့် ဖန်တီးမှုတွေသည် အများအားဖြင့် Online ပေါ်ကလာ ခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မလုပ်ချင်ကြောင်း၊ နံပါတ်တစ် | အနေဖြင့် သတင်းမီဒီယာတွေ အများကြီးရေးနေခြင်းများ၊ လွှင့်နေခြင်းများ အများကြီး ရှိကြောင်း၊ မိမိတို့အနေဖြင့် မည်သည့် အရေးယူမှုရှိသလဲ၊ တချို့ လှုံ့ဆော်မှုတွေက မလွှဲသာ မရှောင်သာပဲ အရေးယူဆောင်ရွက်မှုတွေ လုပ်ရကြောင်း၊ ဘာကြောင့်ဆိုလျှင် ထိုအရာ များသည် ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေသည့်အရာများ၊ ယခုလက်ရှိအခြေအနေ ထက် ပိုမိုဆိုးရွားသွားနိုင်သည့် အခြေအနေ များ၊ မဟုတ်မမှန်သည့်အရာများကို မိမိတို့ အနေဖြင့် မလွှဲမရှောင်သာ လုပ်ဆောင်ရခြင်း ဖြစ်ပြီး မလွှဲမရှောင်သာသည့် ကန့်သတ်မှု များ၊ ပိတ်ပင်မှုများ၊ လိုအပ်သည့်ကန့်သတ်မှု များကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဖြေကြားသည်။
RFA သတင်းဌာနမှ ဒေါ်အေးအေးမွန်က အစိုးရဆန့်ကျင်ရေး ဝေဖန်မှုတွေကိုထောက်လှမ်းရန် အတွက် ဆိုက်ဘာလုံခြုံရေး အရ တရုတ်အကူအညီဖြင့် Firewall များ တည်ဆောက်နေသည်ကို ကြားသိရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘာများရှင်းပြ လိုပါသလဲ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာ cyberlaw နှင့်ပတ်သက်ပြီး အဆိုပါ Law သည် မိမိတို့ရေးဆွဲထားခြင်း မဟုတ်ကြောင်း၊ ယခင်အစိုးရလက်ထက်က ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကောလာဟလများထွက်နေ သည်ကို သိရှိကြောင်း၊ မိမိအနေဖြင့် ပြဋ္ဌာန်း မည်၊ မပြဋ္ဌာန်းမည်ကို မပြောနိုင်ကြောင်း၊ အဆိုပါ Lawသည်မိမိတို့ထွင်ထားခြင်းမဟုတ်
ကြောင်း၊ တရုတ်အကူအညီဖြင့် Firewall များ လုပ်စရာအကြောင်းမရှိကြောင်း၊ လုပ်ချင် လျှင် မိမိတို့တွင် အဆိုပါနည်းပညာနှင့် ပတ်သက်ပြီး လုံလောက်သည့်သူများရှိကြောင်း ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ ( ဒေါ်အေးအေးမွန်က မေးမြန်းရာ သတင်း | လွတ်လပ်ခွင့်နှင့်ပတ်သက်ကြောင်း၊ ကာကွယ်
ရေးဦးစီးချုပ်က သတင်းမီဒီယာကို စတုတ္ထ | မဏ္ဍိုင်အဖြစ်လက်ခံသည်ကို မနေ့ကပြောခဲ့ | ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်
သွားမည်မဟုတ်ကြောင်းလည်း မကြာခဏ | ပြောထားကြောင်း၊ လောလောဆယ်
ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ တာဝန်ယူ ချိန်မှစ၍ ယခင်ကရှိခဲ့သည့် Democratic Debate လို့ခေါ်သည့်သတင်းမီဒီယာအားလုံး မှာရှိသည့် မိမိသည်လည်း ယနေ့နိုင်ငံရေး Program ၏ Producer ဖြစ်ကြောင်း၊ မိမိတို့ သည် တစ်ဖက်တည်းကို ဖိတ်ပြီး ဆွေးနွေး ခြင်းမဟုတ်ကြောင်း၊ နှစ်ဖက်စလုံးမှ ပညာရှင် များကိုဖိတ်ပြီး ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်ကစပြီး လွတ်လပ်သည့် Debate များ တိတ်ဆိတ်ငြိမ်သက်သွားကြောင်း၊ တစ်ဖက်မှာ သတင်းလွတ်လပ်ခွင့် အပါအဝင် နိုင်ငံသားများ၏အခြေခံလွတ်လပ် ခွင့်ကို ထိန်းချုပ်ရန်အတွက် နိုင်လွတ်လုံ ဥပဒေကို ရပ်တန့်လိုက်သည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော် အကြည် ညိုပျက် စေမှုဆိုင်ရာရာဇသတ်ကြီး ပုဒ်မများကို ဖြည့်စွက်ထား သည်ကိုတွေ့ရပါကြောင်း၊ တပ်မတော်အနေဖြင့်တာဝန်ယူစဉ် တစ်နှစ် အတွင်းမှာ သတင်း လွတ်လပ်ခွင့်ကို ဘယ်လောက်ထိ တာဝန်ယူ နိုင်မလဲ၊ သတင်းထောက်များကို ဖမ်းဆီးတာ မျိုး မလုပ်ဘဲ သတင်းထောက်များ၏ သတင်း ရေးသားခွင့်ကို ဘယ်လောက်ထိ အာမခံ ပေး နိုင်မလဲ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ( ဖြေကြားရာ ဖေဖော်ဝါရီလ ၁ ရက်ကနေ ယနေ့ထိ သတင်းမီဒီယာများ လွတ်လပ်စွာ ရေးနေပါကြောင်း၊ သတင်းမီဒီယာများ ရေးသား မှုနှင့်ပတ်သက်ပြီး အရေးယူထားခြင်းများ ရှိလျှင် ထောက်ပြစေလိုကြောင်း၊ သို့သော် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်ရန် လိုကြောင်း၊ ဥပဒေနှင့်ငြိစွန်းလျှင် ကန့်သတ် မှုများ လုပ်ကောင်းလုပ်နိုင်ရမည်ဖြစ်ကြောင်း၊ သတင်းမီဒီယာနှင့်ပတ်သက်ပြီး အာမမခံခြင်း၊
ခံခြင်းသည်လုပ်ပါမည်၊ မလုပ်ပါမည်ဟုလည်း မပြောလိုကြောင်း၊ ဥပဒေနှင့်အညီသာ
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းမီဒီယာ များသည် သတ်မှတ်ထားသည့် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင် ပါက သတင်းမီဒီယာသမားများအတွက်
ကောင်းသည်ဟု ပြောလိုပါကြောင်း၊ သတင်း မီဒီယာများကို ယခုလို ပြောနေခြင်းသည် ခြိမ်းခြောက်နေခြင်းမျိုးမဟုတ်ကြောင်း၊ ဥပဒေ ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး ပြောခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ။
RFA သတင်းဌာနမှ ဒေါ်အေးအေးမွန်က ဆက်လက်မေးမြန်းရာ နိုင်ငံရေးငြင်းခုံစကား ဝိုင်းများ ပြန်လုပ်လျှင် ဖမ်းမည်လားသိလိုပါ ကြောင်း မေးမြန်းသည်။ ။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ဖြေကြားရာ နိုင်ငံရေးငြင်းခုံစကားဝိုင်းများကို ဥပဒေနှင့်မလွတ်ကင်းသည့်သူများကို တွေ့ဆုံ ဆွေးနွေးပွဲလုပ်လျှင် သတ်မှတ်သည့်အတိုင်း
ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ပြန်လည် ( ဖြေကြားသည်။
ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဦးရဲမင်းဖြိုးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌမှ တိုက်တွန်းထားမှုရှိကြောင်း၊ မြန်မာ ပြည်သူများ၏ ဆန္ဒသဘောထားနှင့် အညီမြန်မာပြည်သူများ၏ အကျိုးအတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများနှင့်အညီ ပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက် ကြရန် တိုက်တွန်းထားမှုရှိကြောင်း၊ ထို့အပေါ် တွင် မည်သို့လုပ် ဆောင်သွားမည် ကိုလည်း သိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် မိမိတို့အနေဖြင့် ယခု သတင်းစာရှင်းလင်းပွဲစစချင်း၌ ပြောခဲ့သလို နိုင်ငံတော်တာဝန်ကိုဘာ့ကြောင့်ရယူခဲ့ရသည် ကို ရှင်းပြပြီးဖြစ်ကြောင်း၊ နိုင်ငံရေးယဉ်ကျေး မှုများ၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ ဆွေးနွေး ညှိနှိုင်းရေးလမ်းစဉ်ဖြင့် သွားခဲ့ကြောင်း၊ ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်၌ ဘယ်လိုမှ အလုပ်မဖြစ် သောအချိန်မှ မိမိတို့ နိုင်ငံတော်တာဝန်ကို ရယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ယခု အချိန်တွင် ဥပဒေကြောင်းအရ လုပ်ဆောင် သင့်သည်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ လုပ်ဆောင်သင့် သည်ကို လုပ်ဆောင်ပြီးသည့်အချိန်တွင် အခြေအနေ အကြောင်းအရာများသည် အမျိုးမျိုးဖြစ်လာနိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။
SKY NET Up to Date သတင်းထောက် ဦးအောင်ဇော်ဇော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လည်း CDM လုပ်ဆောင်သည့် နိုင်ငံ့ဝန်ထမ်း များကို လုပ်ငန်းခွင် ပြန်ဝင်ရန် အတွက် စိတ်ရှည်ရှည်ဖြင့် စောင့်ပေးသည်ဆိုသည့် အချက်လည်း ကြားသိရကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းများကို စည်းရုံး ရေးဆင်းပြီး အချိန်တစ်ခုပေးထားသည်ကို လည်းကြား သိရကြောင်း၊ ထို့အတွက်မိမိသိချင် သည်မှာ ဝန်ထမ်းများအတွက် အချိန်မည်သို့ သတ်မှတ်ထား သည်ကို သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် မိမိတို့အနေဖြင့် အချိန်ကို သတ်မှတ်ထားခြင်းမရှိသေးကြောင်း၊ သို့သော် အချိန်က သိပ်ရှည်မည်မဟုတ်ကြောင်း ကိုပြောလိုကြောင်း၊ ဝန်ကြီးဌာနအလိုက်လည်း ဖြစ်ပေါ်တိုးတက်မှုများရှိနေကြောင်း၊ ဖြစ်ပေါ် တိုးတက်မှုများရှိနေ၍လည်း ထပ်မံစောင့်ဆိုင်း နေကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တာဝန်သိသိသစ္စာရှိရှိဖြင့် Professional ကျကျ လုပ်ဆောင်သည်က အန္တရာယ်ကင်းမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
မြဝတီ