နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးတက်စေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားလုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မှုကောင်းမွန်စေရေး၊ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပြောကြားသည်။
ထို့ပြင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော မဏိရတနာကျောက်စိမ်းခန်းမ ပြုပြင်တည်ဆောက်မှုနှင့် ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်မှုတို့ကို အချိန်မီပြီးစီးနိုင်ရေး အဓိကထားဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဆက်လက်ပြောကြားသည်။
အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်များက လုပ်ငန်းကော်မတီများ အလိုက် ရှင်းလင်းတင်ပြကြပြီး မန္တလေးငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သော မဏိရတနာကျောက်စိမ်း ခန်းမပြုပြင်တည်ဆောက်မှုနှင့် ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်) အကြီးစားပြုပြင် တည်ဆောက်မှုအခြေအနေတို့ကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကြကာ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
