May 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
May 12, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၈ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများက ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်သော (၂၅)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual အစီအစဉ်ဖြင့် တက်ရောက်သည်။
May 12, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့ ပူးပေါင်း၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့တွင် ဖွင့်လှစ်သင်ကြားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
May 12, 2022
လယ်ယာမြေများကိုအသုံးချမှု ဖွံဖြိုးတိုးတက်စေရန် စနစ်တကျ စီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်စာရင်းဇယားများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြတ်နိုးသူကုမ္ပဏီလီမိတက်သို့ရောက်ရှိကြပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို စစ်ဆေးရာ တာဝန်ရှိသူများက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း၊ ညောင်ဦး-မြင်းခြံလမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတိုးလ်ဂိတ်ကောက်ခံမှုအခြေအနေနှင့် စက်ယာဉ်ယန္တရားများ ဖြန့်ခွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
May 12, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ Language Lab ခန်းများ၊ Computer စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းသားကျောင်းသူများအတွက် ချက်ပြုတ်နေမှုများ၊ စာကြည့်တိုက်၊ ကျောင်းတွင်းသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ အားကစားကွင်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်မည့် အခြေအနေတို့ကို လှည့်လည်စစ်ဆေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်သည်။
May 12, 2022
(၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Gymnasium တွင် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များက တက်ရောက်ကြည့်ရှု အားပေးကြသည်။
May 12, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ရောက်ရှိပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကို ရယူ၍ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီနှင့်ပတ်သက်ပြီး လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်၏ တင်ပြဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
May 11, 2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တကုဏ္ဍလမဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
May 11, 2022
ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲပွဲစဉ်များကိုယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်ဗီယက်နမ်နိုင်ငံVietTri ဘောလုံး အားကစားကွင်း၌ မြန်မာ U-23 အသင်းနှင့် ဖိလစ်ပိုင် U-23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
May 11, 2022
ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ရန်မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
May 11, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယ ဝန်ကြီးဒေါက်တာအောင်ကြီးသည် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင်နှစ်အလိုက် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
May 11, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအရာရှိ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10, 2022
ဝါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
May 10, 2022
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (ဘောဂသိဒ္ဓိ-၁) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ရန်မျိုးသန့်စင်လမ်း၊ မြို့မဈေးအနီးရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် အဆောက်အဦတွင် ကျင်းပသည်။
May 10, 2022
ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
